စံပြဆေးရုံကို ပြန်လည်ပို့ဆောင်နေပြီဖြစ်ပါတယ်။

ဒီကနေ့ (စက်တင်ဘာ ၁၈ ရက်) ညနေပိုင်းက သင်္ကန်းကျွန်းစံပြဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်လူနာမိန်းကလေးတစ်ဦး ထွက်ပြေးခဲ့ပြီး ခုညပိုင်းမှာတော့ ၉မိုင် Ocean ရှေ့မှာ ပြန်လည်တွေ့ရှိလို့ ပုလဲမီးသတ်တပ်ဖွဲ့က သွားရောက်ခေါ်ဆောင်ခဲ့ပါတယ်။

ထွက်ပြေးခဲ့တဲ့ မိန်းကလေးက အသက် (၂၅) နှစ်ဝန်းကျင်ရှိပြီး အဆိုပါ မိန်းကလေးကိုယ်တိုင် ပုလဲမီးသတ်တပ်ဖွဲ့ကို အကူအညီတောင်းလို့ သွားရောက်ခေါ်ဆောင်ခဲ့တာလို့ သိရပါတယ်။



“ကျွန်တော်တို့အခု မိန်းကလေးကိုခေါ်ပြီး စံပြဆေးရုံကိုပြန်ပို့မှာပါ။ ကျွန်တော်တို့ဆီဖုန်းဝင်လာတော့ အဲဒီညီမလေးကို သူရှိတဲ့နေရာမှာပဲစောင့်နေ အခုချက်ချင်းလာမယ်ဆိုပြီးသွားခေါ်ခဲ့တာ။ ရောက်တော့ သူ့ကောင်လေးလို့တော့ထင်ရတယ်။ နှစ်ယောက်သားအတူရှိနေတာ။ ကောင်လေးလည်း ရောဂါတော့ကူးလောက်ပြီ။ ဘာလို့လဲဆို ကောင်မလေးက maskလည်း မတပ်ထားဘူး။ နှစ်ယောက်သား နီးနီးကပ်ကပ်လည်းရှိနေတာ”လို့ ပုလဲမီးသတ်တပ်ဖွဲ့တာဝန်ခံ ကိုထင်လင်းအောင်က Duwun ကို ပြောပါတယ်။

လက်ရှိမှာတော့ လူနာကို ပြန်လည်ခေါ်ဆောင်ကာ စံပြဆေးရုံကိုပြန်လည်ပို့ဆောင်နေပြီဖြစ်ပါတယ်။ အဆိုပါ ပိုးတွေ့လူနာ မိန်းကလေးက စံပြဆေးရုံကနေ ဖောင်ကြီးဆေးရုံကိုပို့ဖို့ လာရောက်ခေါ်ဆောင်စဉ်မှာ ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။ ဆေးရုံကနေ taxiတစ်စီးငှားကာ ထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က