loading...

loading...

loading...

မနက်(၈)နာရီကတည်းက စတင်လောင်ကျွမ်းနေတာဖြစ်ပါတယ်။
Ei Ei Htun

မီးလောင်မှုအတွင်း မီးခိုးမွှန်ပြီး အောက်ဆီဂျင်ပြတ်ကာ သတိလစ်သွားတဲ့ ရဲနှစ်ဦးနဲ့ မီးသတ်နှစ်ဦးကိုတော့ ဆေးရုံပို့ဆောင်ထားတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ဒုတိယတပ်ကြပ် ဦးဇေကြည်ထွန်းကပြောပါတယ်။ 

ဒီကနေ့ မတ်လ(၃)ရက်နေ့ မနက် (၈)နာရီဝန်းကျင်က စတင်လောင်ကျွမ်းခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊စက်မှုဇုန်အတွင်းရှိ အောင်စိန်ချည်မျှင်စက်ရုံမီးလော်မှုဟာ နေ့လယ် (၂)နာရီထိ မီးမငြိမ်းသေးဘူးလို့ သိရပါတယ်။ အဆိုပါမီးလောင်မှုကိုတော့ Level (4)အဆင့်ထိသတ်မှတ်ထားပြီး နီးစပ်ရာတိုင်းဒေသကြီးအတွင်းက မီးသတ်ယာဉ်တွေပါလာရောက်ငြှိမ်းသတ်ပေးနေရတာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်မီးသတ်ဦးစီးဌာနမှ ဒုတိယတပ်ကြပ် ဦးဇေကြည်ထွန်းက Duwun ကိုပြောပါတယ်။ 

“ အခုထိတော့ မီးကမငြိမ်းသေးဘူးဗျ။ မန္တလေးက မီးသတ်ယာဉ်တွေကော၊ အမရပူရက မီးသတ်ယာဉ်တွေကော၊ပြီးတော့ ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မီးသတ်ယာဉ်တွေလည်းအကုန်ပဲ။ မီးကတော့ ငြိမ်းနိုင်တဲ့ အနေအထားရှိပါတယ်။ ဘယ်ချိန်ငြိမ်းမလဲဆိုတာတော့ အတိအကျပြောမရသေးဘူး။ အခုထိတော့ ငြှိမ်းသတ်နေဆဲပါလို့” ဦးဇေကြည်ထွန်းကပြောပါတယ်။

အဆိုပါ မီးလောင်မှုအတွင်းမှာ လက်ရှိအချိန်ထိ မီးခိုးမွှန်ကာ အောက်ဆီဂျင်ပြတ်ပြီး သတိမေ့သွားတဲ့ ရဲနှစ်ဦးနဲ့ မီးသတ်နှစ်ဦးကိုတော့ ဆေးရုံပို့ဆောင်ထားရတယ်လို့ သိရပါတယ်။ 

ချည်မျှင်စက်ရုံဖြစ်လို့ မီးကူးစက်မှုကမြန်ပြီး မီးငြှိမ်းသတ်ရတာမှာ အခက်အခဲတွေရှိနေတယ်လို့လည်းသိရပါတယ်။ 


loading...

က္က