စစ်ကိုင်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင် ကုသပေးနေပြီလို့ သိရပါတယ်။

အိန္ဒိယက ပြန်လာတာဖြစ်ပြီး သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်မှာ Quarantine ဝင်နေကာစစ်ကိုင်းပြည်သူ့ဆေးရုံကြီးက ညတွင်းချင်းပဲ လူနာတင်ယာဉ်နဲ့ လာရောက်ခေါ် ဆောင်သွားပြီလို့လည်းသိရပါတယ်။

ဇွန်လ ၅ရက်နေ့ ည ၈နာရီက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ ပိုးတွေ့လူနာသစ် ၂ဦးမှာ အိန္ဒိယကပြန်လာတဲ့ သံဃာတော် ၂ပါးဖြစ်တယ်လို့ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်ရဲ့ အုပ်ချုပ်မှုဆရာတော် ဦးသုန္ဒရက Duwun ကိုမိန့်ပါတယ်။

လက်ရှိမှာတော့ ဆရာတော်၂ပါးက စစ်ကိုင်းမြို့ကဖြစ်လို့ စစ်ကိုင်းပြည်သူ့ဆေးရုံကြီးက ညတွင်းချင်းပဲ လူနာတင်ယာဉ်နဲ့ လာရောက်ပင့်ဆောင်သွားပြီလို့လည်းသိရပါတယ်။

“ကျန်တဲ့သူတွေကတော့ ရောဂါပိုးNegative ထွက်သလို ကွာရန်တင်းဝင်စေမှုကို တစ်ယောက်တစ်ခန်းထားတဲ့ အတွက် သံသယဖြစ်စရာမရှိပါဘူး။ဒါပေမယ့်လည်း ကျန်းမာရေးရှုထောင့်ဖက်ကတော့ လိုအပ်တာတွေ ဆက် လက် ဆောင်ရွက်သွားပါအုံးမယ်။ နောက်တစ်ကြိမ် ဆေးထပ်စစ်ဖို့ လိုသေးတယ်လို့တော့ သိထားပါတယ်။”လို့ ဆရာတော် ဦးသုန္ဒရက မိန့်ပါတယ်။

ဓာတ်ပုံ - အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်း

စစ်ကိုင်းတိုင်းဒေသကြီးမှာ မူလက ပိုးတွေ့လူနာ စုစုပေါင်း ၇ဦးထိရှိထားခဲ့ရာမှာ ၇ဦးစလုံး ရောဂါပိုး ပြန်လည် ပျောက်ကင်းခဲ့ပြီး မနေ့ညက လူနာနှစ်ဦးထပ်တိုးလာခဲ့တာပါ။ 

နောက်ဆုံး ပျောက်ကင်းသွားတဲ့ လူနာကတော့ အိန္ဒိယက ပြန်လာတဲ့ လူနာအမှတ် ၁၄၅ဖြစ်ပြီး မေလ ၂၉ရက်နေ့ ည ၈နာရီတုန်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က