သီတဂူဆရာတော်ဘုရားကြီးအစီအစဉ်နဲ့ မြန်မာနိုင်ငံကို ပြန်လာတဲ့ သူလို့ သိရပါတယ်။

ဒီကနေ့ ဧပြီလ ၂၆ ရက်နေ့ နေ့စွဲနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းတိုင်းမြို့က လူနာ နံပါတ် ၁၄၅ ဟာ သီတဂူဆရာတော်ဘုရားကြီးအစီအစဉ်နဲ့ မြန်မာနိုင်ငံကို ပြန်လာတဲ့ သူလို့ သိရပါတယ်။

အသက်အားဖြင့် ၄၈ နှစ်ရှိနေပြီး လေ‌ာလောဆယ်တော့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာပဲ ထားရှိထားပြီး မကြာခင်မှာ စစ်ကိုင်းဆေးရုံကို ပို့ဆောင်သွားမှာဖြစ်ပါတယ်။



"သူကတော့ စစ်ကိုင်းဆေးရုံမှာမဟုတ်ပါဘူး။ သီတဂူဆရာကြီး ပြန်ခေါ်လာတဲ့ အိန္ဒိယနဲ့ သီရိလင်္ကာ က ပြန်ရောက်လာတဲ့ လူတွေထဲက တစ်ယောက်ပါ။ ဦးသိန်းထွန်းတဲ့ ၊ အသက် ၄၈နှစ်ပါ။ ‌ေလာလောဆယ်တော့ ဆရာတော်ရဲ့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာပဲ ရှိနေပါသေးတယ်။ စစ်ကိုင်းဆေးရုံကြီးကိုတော့ မရောက်သေးဘူး၊ ဆေးရုံကြီးကိုတော့ ပို့တော့မှာပါ" လို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းက Duwunကို ပြောပါတယ်။ 

ပြန်လည်ပင့်ဆောင်ခေါ်ယူလာခဲ့တဲ့ အိန္ဒိယပြန်မြန်မာရဟန်းတော်တွေနဲ့ သီလရှင်၊ လူပုဂ္ဂိုလ်အားလုံး ဆေးစစ်ချက်အဖြေ Negative အဖြေပြတယ်လို့ မနေ့က သီတဂူအပြည်ပြည်ဆိုင်ရာဝိပဿနာတက္ကသိုလ်ရဲ့ အုပ်ချုပ်မှုးဆရာတော်ဦးသုန္ဒရရဲ့ Duwun ကို မိန့်ကြားချက်အရ သိရပါတယ်။ ယခုအတည်ပြုနာကတော့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာထားရှိတဲ့ လူပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

"ဆေးတွေစစ်ချက်တွေ ထပ်ထုတ်နေတယ်။ ရောဂါပိုးတွေ့ရှိလူနာကတော့ ဒီတစ်ယောက်တည်း ထွက်လာသေးတာပေါ့။ ကျန်တဲ့သူတွေလည်း ထပ်ပြီး ဆေးစစ်ချက် လုပ်နေတယ်။ ALL Negative ကတော့ ပြောကြတာပဲ၊ ခုကတော့ တိုင်းကျန်းမာရေးက အတည်ပြုထားတာပေါ့၊ အဲဒီက အတည်ပြုတာက အမှန်ပါ" လို့ သီတဂူအပြည်ပြည်ဆိုင်ရာဝိပဿနာတက္ကသိုလ်ရဲ့ အုပ်ချုပ်မှုဆရာတော်ဦးသုန္ဒရက Duwun ကိုမိန့်ပါတယ်။ 

ပြန်လည်ပင့်ဆောင်ခေါ်ယူလာခဲ့တဲ့ ရဟန်းတော်တွေနဲ့သီလရှင်လူပုဂ္ဂိုလ်တွေဟာ စုစုပေါင်း ၂၅၈ ရှိပြီး အဲဒီအထဲမှာ ရဟန်းတော် ၂၂၁ ပါး၊ သီလရှင် ၅ ပါးနဲ့လူပုဂိုလ် ၄၂ ဦးပါဝင်တာမှာ ရဟန်းတော်တွေကို သီတဂူအပြည်ပြည်ဆိုင်ရာဝိပဿနာတက္ကသိုလ်မှာ စောင့်ရှောက်ထားပြီး သီလရှင်နဲ့လူပုဂ္ဂိုလ်တွေကိုတော့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာစောင့်ရှောက်ထားတာဖြစ်ပါတယ်။

ယခုတွေ့ရှိခဲ့တဲ့ လူနာနံပါတ် ၁၄၅ ဟာ စစ်ကိုင်းမြို့မှာ ပထမဆုံးတွေ့ရှိခဲ့တယ်လူနာဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်း ယခင်တွေ့ရှိသူ ၆ ဦးက ကလေးမြို့မှ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်းမှ အတည်ပြုလူနာ ၇ ဦးတွေ့ရှိထားကာ မြန်မာနိုင်ငံအတွင်း ရောဂါပိုးတွေ့ရှိလူနာ ၁၄၆ ယောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က