ဒီနေ့မနက်စစ်ဆေးချက်အရ ပိုးတွေ့ခဲ့တာပါ

ဒီနေ့မနက် တွေ့ခဲ့တဲ့ စစ်တွေမြို့နယ်က လူနာသုံးဦးထဲက တစ်ဦးမှာ NGO ဝန်ထမ်းတစ်ဦးဖြစ်ပြီး ကျန် နှစ်ဦးကတော့ စစ်တွေ CB ဘဏ်ဝန်ထမ်းတွေရဲ့ မိခင်တွေ ဖြစ်ကြတယ်လို့ စစ်တွေမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် လူနာအမှတ် ၃၇၇ ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ NGO ဝန်ထမ်းအဖြစ်အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက အုန်းတောချေ ဘင်္ဂါလီ ဒုက္ခသည်စခန်း (IDP Camp) ကိုသွားရောက်ခဲ့ပြီး ဖျားနာ၊ချောင်းဆိုး သံသယလက္ခဏာတွေ တွေ့ရှိခဲ့လို့ ဆေးရုံမှာ စောင့်ကြည့်လူနာ အဖြစ် ကုသမှုခံယူနေရင်း ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။



“ လူနာအမှတ် ၃၇၇ စောင့်ကြည့်လူနာပေါ့လေ။ စောင့်ကြည့်လူနာလို့ ပြောရတဲ့သဘောက သူက မနေ့က ဆေးရုံလာတက်တယ်။ သူက NGO ဝန်ထမ်းတစ်ဦးပါ။ လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ camp ကိုသွားတယ်။ သွားပြီးတဲ့နောက် မနေ့က ရောဂါလက္ခဏာတွေ ခံစားရတယ်ဆိုပြီးတော့ စစ်တွေဆေးရုံကိုလာတက်တယ်။ ပိုးစစ်တော့ ရောဂါပိုးတွေ့ခဲ့တာပါ” လို့ စစ်တွေမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က Duwun ကိုပြောပါတယ်။

 ကျန်လူနာ နှစ်ဦးဖြစ်တဲ့ လူနာအမှတ် ၃၇၈ နဲ့ ၃၇၉ ကတော့ စစ်တွေမြို့ CB ဘဏ်ဝန်ထမ်းတွေရဲ့ မိခင်နှစ်ဦးဖြစ်ပြီး CB ဘဏ်ဝန်ထမ်းဖြစ်သူ လူနာအမှတ် ၃၇၅ မှာ ရောဂါပိုးတွေ့ရှိပြီးနောက် ဘဏ်ဝန်ထမ်းအားလုံးနဲ့ ဘဏ်ဝန်ထမ်းမိသားစုတွေကို ကွာရန်တင်းထား စောင့်ကြည့်ပြီးတဲ့နောက် ရောဂါပိုးတွေ့ရှိခဲ့ရတာလို့ စစ်တွေမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က Duwun ကိုပြောပါတယ်။

“ ၃၇၈ နဲ့ ၃၇၉ က ဘဏ်ဝန်ထမ်းကနေ တစ်ဆင့်ကူးတဲ့သဘောပေါ့။ လူနာအမှတ် ၃၇၅ နဲ့ အနီးကပ်ထိတွေ့တဲ့ ဘဏ်ဝန်ထမ်းမှာကူးတာမဟုတ်ဘဲ Secondary Contact အဖြစ် ရှိခဲ့တဲ့ ဘဏ်ဝန်ထမ်း နှစ်ဦးရဲ့ မိခင်နှစ်ဦးကို ကူးစက်သွားတဲ့သဘောပါ။ “ လို့ ဒေါက်တာဇော်လွင်က ဆိုပါတယ်။

ကိုဗစ်လူနာအမှတ် ၃၇၅ဟာ နဲ့ အနီးကပ်ထိတွေ့ဆက်စပ်မှုရှိခဲ့တဲ့ ဘဏ်ဝန်ထမ်းတွေအပါအဝင် စစ်တွေမြို့က ၅၁ ဦး၊ ကျောက်ဖြူမြို့က ၃၃ ဦး စုစုပေါင်း ၈၄ ဦးမှာတော့ ရောဂါပိုးမတွေ့ထားပေမယ့် ကွာရန်တင်းထားဆက်လက်စောင့်ကြည့်နေဆဲဖြစ်ပြီး နောက်တစ်ကြိမ်ပိုးစစ်ဆေးသွားမယ်လို့လည်း စစ်တွေမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က