ဒီကနေ့ ညမှာ ထုတ်ပြန်ကြေညာခဲ့တာပါ။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ယခုရက်ပိုင်းအတွင်း COVID-19ပြည်တွင်းကူးစက်လူနာတွေတွေ့ရှိလာတာကြောင့် စစ်တွေမြို့နယ် တစ်ခုလုံးကို Stay at Homeအစီအစဉ်မှာ အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီကနေ့ညမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

ယနေ့ည (၈)နာရီထုတ်ပြန်ချက်မှာလည်း စစ်တွေမှာ ပြည်တွင်းကူးစက်လူနာ (၃)ဦးထပ်တိုးခဲ့တာကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဩဂုတ်လ (၁၆)ရက်နေ့စလို့ ဒီကနေ့ ဩဂုတ်လ (၂၀)ရက်နေ့ထိ (၄)ရက်အတွင်း ပြည်တွင်း ကူးစက်လူနာ (၉)ဦးထိရှိလာခဲ့ပါတယ်။ လက်ရှိမှာ စစ်တွေမြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွါးမှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် မြို့နယ်တစ်ခုလုံးကို Stay at Homeအဖြစ်ကြေညာလိုက်ကြောင်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ 



Stay at Home အစီအစဉ်မှာတော့ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီဝန်ထမ်းတွေနဲ့ စက်ရုံအလုပ်ရုံဝန်ထမ်းတွေမပါတာကြောင့် ပုံမှန်အတိုင်း တာဝန်တွေထမ်းဆောင်နိုင်တယ်လို့ဖော်ပြထားပါတယ်။ စစ်တွေမြို့နယ်မှာ CBဘဏ် ဝန်ထမ်းဖြစ်တဲ့ လူနာနံပတ်(၃၇၅)ကစတင်ကာ ဆက်တိုက် ပြည်တွင်းကူးစက်လူနာတွေတွေ့ရှိလာခဲ့တာဖြစ်ပါတယ်။ 

လက်ရှိမှာတော့ ရောဂါပိုးကူးစက်ပြန့်ပွါးမှုရှိနေတဲ့ စစ်တွေမြို့က နေရာတချို့ကိုလည်း lockdownပြုလုပ်ထားပြီး လူနာတွေကိုတော့ စစ်တွေ ဆေးရုံမှာဆေးကုသမှုတွေဆောင်ရွက်ပေးလျှက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းကူးစက်မှု မရှိတာ တစ်လကြာမြင့်ခဲ့ပြီးနောက် ယခုအခါပြည်တွင်းကူးစက်လူနာတွေကို ဆက်တိုက်တွေ့ရှိလာရာမှာ ကိုဗစ်ဒုတိယလှိုင်းကို စိုရိမ်မှုတွေရှိနေကြပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ ပြည်သူတွေအနေနဲ့ ကိုဗစ်စည်းကမ်းတွေကို တစိုက်မတ်မတ်လိုက်နာဆောင်ရွက်ကြဖို့ကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်လျှက်ရှိပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က