မျိုးဗီဇပြောင်းပိုးက ယခင် ကိုဗစ်ပိုးထက် ကူးစက်မှု (၁၀) ဆမြန်တယ်လို့ သိရပါတယ်။

လက်ရှိ ရခိုင်ပြည်နယ် စစ်တွေမှာ ကူးစက်ပြန့်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ မျိုးဗီဇပြောင်းလဲနေတဲ့ အမျိုးစားဖြစ်နိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့သြဂုတ်လ(၂၂)ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

လက်ရှိ ကူးစက်ပြန့်ပွားနေတဲ့ ကိုဗစ်ပိုးကို ဆေးသုတေသနဦးစီးဌာနအနေနဲ့ မျိုးဗီဇကို စစ်ဆေးဖော်ထုတ်သွားမယ်လို့ သိရပါတယ်။



စစ်တွေမြို့နယ်မှာ ကိုဗစ်ရောဂါပိုး ကူးစက်မှုက မြန်ဆန်လျှက်ရှိနေပြီး ဒီကနေ့မနက်ပိုင်းထုတ်ပြန်မှာလည်း လူနာသစ် (၁၆)ဦးထပ်တိုးခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ သြဂုတ်လ(၁၆)ရက်နေ့ကစပြီးဒီကနေ့ (၂၂)ရက်နေ့မနက်ပိုင်းအထိ လူနာ(၄၅)ဦးထိ တွေ့ရှိထားပြီဖြစ်ပါတယ်။ 

ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ ယခုကိုဗစ်လူနာအများစုက အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိပြီးကူးစက်တာမျိုးမဟုတ်ဘဲ အပြင်မှာ ပြန့်ပွားနေတဲ့ ဗိုင်းရပ်စ်ပိုးနဲ့ တိုက်ရိုက်ထိတွေ့ပြီး ကူးစက်တာတွေမျိုးတွေဖြစ်တယ်လို့ သိရပါတယ်။ မျိုးဗီဇပြောင်းတဲ့ ကိုဗစ်ပိုးက ယခင်ထက် ကူးစက်မှု (၁၀)ဆမြန်ဆန်တယ်လို့ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ ကိုဗစ်စည်းကမ်းတွေကိုလိုက်နာကြဖို့ကိုလည်း အချိန်နဲ့အမျှအသိပေးနှိုးဆော်လျှက်ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ဩဂုတ်လ(၂၂)ရက်နေ့မနက်အထိ ကိုဗစ်လူနာ (၄၃၅)ဦးရှိပြီး ပြန်လည်ကောင်းမွန်သူ(၃၃၇)ဦးနဲ့ သေဆုံးသူ(၆)ဦးရှိနေပါတယ်။




Share

Loading Next Article...
က္က