ရခိုင်ပြည်နယ်မှာပြည်တွင်းကူးစက်မှုအဖြစ် ကိုဗစ်အတည်ပြုလူနာ ၉ ဦးအထိ ရှိလာနေပြီး လူနာတွေကိုစစ်တွေပြည်သူ့ဆေးရုံမှာ ဆေးကုသမှုပေးနေပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က နေရာ ၅ ခုကို ဒီနေ့ သြဂုတ်လ၂၀ ရက်နေ့ကစပြီး Lock down ပြုလုပ်လိုက်ပြီလို့ ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိခဲ့သူတွေ နေထိုင်ရာရပ်ကွက်လမ်းတွေကို သွားလာခွင့်ကန့်သတ်လိုက်တာဖြစ်ပါတယ်။ အသွားအလာကန့်သတ်လိုက်တဲ့နေရာတွေက ဓညဝတီ (ခ)ရပ်ကွက်ရှိ စန္ဒာမုနိလမ်း၊ မြို့သူကြီးရပ်ကွက်ရှိ ပန်းခြံလမ်းသွယ်နဲ့ မင်းဘာကြီးလမ်းကြားရှိ ဖဖြူလမ်း၊ လမ်းမတော်တောင်ရပ်ကွက်ရှိ ရဲကျော်သူကျောင်း လမ်းနှင့် အောင်ဇံဝေလမ်းကြားရှိ အောင်ဇံဝေလမ်းသွယ်၊ မင်းဘာကြီးလမ်း နဲ့ အောင်ဇံဝေလမ်းကြားရှိ ရဲကျော်သူကျောင်းလမ်းသွယ်၊ DRC(NGO)ရုံး၊ ပြည်တော်သာရပ်ကွက်ရှိ မြောက်စံပြရပ်ကွက်ရှိ ဓမ္မာရုံလမ်းသွယ်၊ မိဇံရပ်ကွက်ရှိ မိဇံလမ်း၊ ရွှေသာလမ်းနှင့် ငပိန်လမ်းတို့ပဲဖြစ်ပါတယ်။



"ကူးစက်မှုကိုထိန်းချုပ်ကာကွယ်ဖို့ စစ်တွေကနေရာ ငါးခုကို အသွားအလာကန့်သတ်လိုက်ပါပြီ။ သွားလာခွင့်မရှိတော့ဘူး၊ နောက်ပြီး ကိုဗစ်အတည်ပြုလူနာတွေနဲ့ ထိတွေ့ဆက်စပ်သုတွေကိုလည်း ရှာဖွေနေတယ်။စစ်တွေက CB Bank လည်း ပြန်မဖွင့်ရသေးဘူး။ နောက်ပြီး ဒီနေ့ တွေ့တဲ့ ၂ ဦးထဲမှာ တစ်ဦးက ထွေအုပ် ဝန်ထမ်းဖြစ်တယ် သူက ပြည်တွင်း ဘယ်သူဆီက ကူးစက်သလဲဆိုတာလည်းမသိရသေးဘူး။ ရှာဖွေစုံစမ်းတာတွေလုပ်နေတယ်။"လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကပြောပါတယ်။ 

ဒါကြောင့် အသွားအလာကန့်သတ်လိုက်တဲ့နေရာ မှာ နေထိုင်သူ တွေအနေနဲ့ မိမိအိမ်မှာသာ Stay at Home အဖြစ် နေထိုင် ရမှာဖြစ်ပြီး ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိပါက ကူစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူခြင်း ခံရမယ်လို့ တရားဝင်လည်း ထုတ်ကြန်ကြေငြာလိုက်ပါတယ်။ "ဟုတ်ပါတယ် ၊ လော့ဒေါင်းချလိုက်တဲ့ နေရာတွေရှိတယ်၊ ဓညဝတီရပ်ကွက်ပါတယ် ၊ နောက်ထက်နေရာ တချို့လည်းပါတယ်။ ဒီနေ့မနက်မှ စပြီး လုပ်တာပါ "လို့ စစ်တွေမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းကပြောပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်မှာပြည်တွင်းကူးစက်မှုအဖြစ် ကိုဗစ်အတည်ပြုလူနာ ၉ ဦးအထိ ရှိလာနေပြီး လူနာတွေကိုစစ်တွေပြည်သူ့ဆေးရုံတွင် ဆေးကုသမှုပေးနေပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်သည်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က