ရောဂါပိုးပျောက်ကင်းပြီး ဆေးရုံဆင်းနိုင်သူတွေရှိလာဖို့ တာဝန်ရှိသူတွေမျှော်လင့်နေ

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ လက်ရှိ ရခိုင်ပြည်နယ်မှာ ကိုဗစ်- ၁၉ရောဂါပိုး တွေ့ရှိသူဦးရေ နေ့စဉ်တိုးလာနေတဲ့အတွက် ကိုဗစ်လူနာများထားရှိဖို့နေရာတွေကို ကြိုတင်ပြင်ဆင်မှုပြုလုပ်နေပြီး စစ်တွေမြို့နယ်မှာ ဆိုရင်တော့ နေရာနှစ်ခု ထပ်မံပြင်ဆင်ထား တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်တွေမြို့နယ်မှာဆိုရင် ကိုဗစ်-၁၉ရောဂါပိုးတွေ့သူတွေကို ထားရှိဖို့အတွက် ခုတင်၁၀၀ပြင်ဆင်ထားခဲ့ပေမယ့် လူနာဦးရေက ၁၈၀ကျော်နေပြီဖြစ်လို့ စစ်တွေမြို့ ဆေးရုံကြီးအပြင် သူနာပြုသင်တန်းကျောင်းမှာပါ ခုတင်တိုးချဲ့ပြီး ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူတွေကို ထားရှိကုသနေတယ်လို့ ရခိုင်ပြည်နယ် ၊ ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။



" စစ်တွေဆိုရင် ၁၀၀ပြင်ဆင်ထားပေမဲ့ ၁၈၃ ဖြစ်သွားပြီ ။ ဆေးရုံကြီးရဲ့ဘေးကပ်လျက်ရှိတဲ့ သူနာပြုသင်တန်းကျောင်း ၊ အဲဒီမှာရောဂါပိုးတော့ရှိတယ် လက္ခဏာဘာမှမပြတဲ့သူတွေပေါ့ ထားတယ် ။ အဲဒီမှာ medical team (ဆေးအဖွဲ့) ဆရာဝန်တွေ သူနာပြုတွေနဲ့ စောင့်ကြည့်တယ်ပေါ့နော် ။ သူနာပြုသင်တန်းကျောင်းဆီ တိုးချဲ့ခဲ့တယ်ပေါ့ ။ နောက်ပိုင်းလိုအပ်လာလျှင် တိုင်းရင်းဆေး ဆေးရုံ ၊ စစ်တွေတက္ကသိုလ်ဝင်းထဲမှာရှိတဲ့ အဆောင်တွေပေါ့ ။ ဒါတွေကိုသုံးဖို့ စီစဉ်ထားတယ် " လို့ ရခိုင်ပြည်နယ် ၊ ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က Duwun ကို ပြောပါတယ်။

ဒါပေမယ့် လက်ရှိအနေအထားအရ ရောဂါပိုးရှိသူ လူနာရှာဖွေတဲ့အပိုင်းကို အားထည့် လုပ်ဆောင်နေတာဖြစ်လို့ ပိုးတွေ့သူလူနာအရေအတွက် တိုးလာနေပေမယ့်လည်း ရောဂါပျောက်ကင်းပြီး ဆေးရုံဆင်းနိုင်သူတွေရှိလာဖို့ တာဝန်ရှိသူတွေက မျှော်လင့်နေပါတယ် ။

" ၁၆ရက်နေ့ကတွေ့တဲ့သူတွေကို ၁၁ရက်နေရင် ပြန်စစ်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ ဟိုတစ်နေ့ ကတော့ ဒုတိယအကြိမ်ပြန်စစ်ပြီးပါပြီ ။ ဒါပေမဲ့လည်း Positiveပဲဖြစ်နေတဲ့အတွက် နောက်နှစ်ရက်ခြားပြီးရင် ထပ်စ စ်မှာပေါ့နော် ။ အဲဒီမှာ Negative ထွက်တယ်ဆိုရင်တော့ နောက်ထပ် နှစ်ရက်ခြားပြီးစစ်မှာပေါ့။ Negative နှစ်ကြိမ်ထွက်ပြီးပါမှ ဆေးရုံဆင်းဖို့ ရှိပါမယ် " လို့ ရခိုင်ပြည်နယ် ၊ ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင် က Duwun ကို ပြောပါတယ်။

သြဂုတ်လ ၁၆ရက်နေ့မှာ မြန်မာနိုင်ငံအတွင်း ပြည်တွင်းကူးစက်မှုအနေနဲ့ ကိုဗစ်-၁၉ ရောဂါပိုးကို စစ်တွေမြို့နယ်ကစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ် ။ ရခိုင်ပြည်နယ်တစ်ခုလုံးအနေနဲ့ လက်ရှိမှာတော့ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူတွေကို ဆေးရုံမှာပဲ ထားရှိကုသဖို့အတွက် ၇၂၆ခုတင်ပြင်ဆင်ထားပြီး လူနာကတော့ ၃၄၅ဦးရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က