တခြားမြို့နယ်တွေမှာလည်း မဲဆွယ်တဲ့အခါမှာ လူဦးရေ (၅၀)ထက်မပိုရပါဘူး။

ရွေးကောက်ပွဲကာလအတွင်း Stay at Home ကြေညာထားတဲ့မြို့နယ်တွေမှာ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရပ်ကွက်အတွင်းလှည့်လည်မဲဆွယ်တာတွေနဲ့ အိမ်တိုင်ရာရောက် မဲဆွယ်စည်းရုံးတာတွေကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ စက်တင်ဘာလ(၇)ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

ရွေးကောက်ပွဲကာလအတွင်း ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးတဲ့အခါမှ ကိုဗစ်စည်းမျဉ်းသတ်မှတ်ချက်တွေနဲ့အညီ ဆောင်ရွက်ရမှာဖြစ်ပြီး Stay at Home မြို့နယ်တွေမှာတော့ မဲဆွယ်စည်းရုံးခွင့်တွေကို လုံးဝခွင့်ပြုမှာ မဟုတ်ဘူးလို့ သိရပါတယ်။ 



“ အခုလို Stay at Home မြို့နယ်တွေမှာ မဲဆွယ်လှုပ်ရှားလို့ မရဘူးဆိုတော့ ဒီမြို့နယ်က နိုင်ငံရေးပါတီတွေအနေနဲ့လည်းဆုံးရှုံးတယ်။ နိုင်ငံရေးပါတီတွေကပြည်သူတွေနဲ့ ထိတွေ့ခွင့်လည်းဆုံးရှုံးသလို ပြည်သူတွေအနေနဲ့ကလည်း ကိုယ်မဲပေးရမယ့် ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးပါတီတွေက ဘယ်လုံပုံစံရှိလဲဆိုတဲ့ စူးစမ်းလေ့လာမှုအခွင့်အရေးလည်းဆုံးရှုံးတယ်။ အခုလိုနိုင်ငံအတွင်းအခက်အခဲဖြစ်နေတဲ့အချိန် ရွေးကောက်ပွဲကျင်းပရတယ်ဆိုရင် နိုင်ငံရေးပါတီနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကိုကြည့်ပြီး သင့်တော်တဲ့ ဆုံးဖြတ်ချက်မျိုးကို လုပ်သင့်တယ်”လို့ ပြည်သူ့ ပါတီမှ ဦးရဲနိုင်အောင်က Duwun ကိုပြောပါတယ်။ 

လက်ရှိရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ Stay at Home အစီအစဉ်ကြေညာထားတဲ့ မြို့နယ် (၇)မြို့နယ်ရှိပါတယ်။ အခုလို Stay at Home မြို့နယ်တွေမှာ မဲဆွယ်စည်းရုံးခွင့်တွေမပြုသလို တခြားမြို့နယ်တွေမှာ မဲဆွယ်စည်းရုံးတဲ့သူတွေအနေနဲ့ကလည်း တစ်ကြိမ်ကို လူဦးရေ (၅၀)ထက်ပိုပြီး မစုဝေးကြဖို့ကိုလည်း အသိပေးထုတ်ပြန်ထားပါတယ်။ 

လာမယ့် (၂၀၂၀)အထွေအထွေရွေးကောက်ပွဲကိုတော့ နိုဝင်ဘာလ( ၈)ရက်နေ့မှာ ကျင်းပပြုလုပ်မှာပါ။ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးရေး ကာလအနေနဲ့ မနက်ဖြန် စက်တင်ဘာလ(၈)ရက်နေ့ မနက်(၆)နာရီကစတင်ပြီး နိုဝင်ဘာလ(၆)ရက်နေ့ ည (၁၂)နာရီအထိ ခွင့်ပြုထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က