ဈေးရောင်းချတဲ့အခါ အားလုံး Mask တပ် ရောင်းချရမှာဖြစ်ပြီး ဝယ်သူတွေဟာလည်း Mask တပ်ရမှာဖြစ်ပါတယ်။

ရန်ကုန်တိုင်းထဲက Stay Home သတ်မှတ်ထားတဲ့ မြိုနယ်ကဈေးများအားလုံးမှာ စားသောက်ဖို့အတွက် မရှိမဖြစ်ဆိုင်၊ကျန်းမာရေးအတွက်မရှိမဖြစ် ဆေးဝါးပစ္စည်းဆိုင်တွေကိုသာရောင်းချခွင့်ပြုသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ဈေးတွေအားလုံးမှာအခြေခံစားကုန်တွေဖြစ်တဲ့ ဆန် ၊ ဆီ ၊ ဆား၊ အသားငါး၊ ဟင်းသီးဟင်းရွက် ၊ ဆေးဝါး ရောင်းချ တဲ့ဆိုင်တွေကလွဲပြီး တခြားဆိုင်တွေ ဖွင့်လှစ်ရောင်းချခွင့်မရှိတော့ဘူးလို့သိရပါတယ်။ ဒါဟာကိုဗစ်ကူးစက်ရောဂါအန္တရာယ်ကိုကြိုတင်ထိရောက်စွာကာကွယ်ထိန်းချုပ်၊ ကန့်သတ်သွားလာနိုင်ဖို့ အတွက်အခုလို စီစဉ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။



"ကျွန်တော်တို့ဆီကိုညွှန်ကြားချက်က မနေ့ကမှရောက်တော့ ဈေးသူဈေးသားတွေကို အသိပေးရသေးတယ်။နောက်တစ်ရက်နှစ်ရက်လောက်မှစနိုင်မယ်။ ဘာကြောင့်ဆိုကြိုတင်အသိပေးရတယ်ဘယ်ညွှန်ကြားချက်ပဲဖြစ်ဖြစ် သူတို့ပြင်ဆင်ဖို့ပေါ့။ စတေးဟုမ်း မြို့အားလုံးလုပ်ရမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အားလုံးကိုလော့ဒေါင်းလုပ်လိုက်ရင် ရောင်းချသူရော၊စာသုံးသူရော စားဝတ်နေရေး အဆင်မပြေ ဘဲဖြစ်သွားမှာစိုးလို့ ခုလိုနည်းနဲ့ဖြေလျှော့တယ် ထိန်းချုပ်တဲ့သဘောပါ။"လို့ တာမွေမြို့နယ် စည်ပင်သာယာ ရေးကော်မတီမှ ကိုအောင်မျိုးလင်းကပြောပါတယ်။ လက်ရှိမှာ ဈေးသူဈေးသားတွေကို လိုက်လံအသိပေးမှုများပြုလုပ်နေကြောင်းနဲ့ ဈေးရောင်းချမှု နဲ့ ပတ်သက်ပြီးအချိန်ကန့်သတ်မှုတော့ မပြုလုပ်ဘူးလို့ သိရပါတယ်။ ဒါပေမယ့် ဈေးရောင်းချတဲ့အခါ အားလုံး Mask တပ် ရောင်းချရမှာဖြစ်ပြီး ဝယ်သူတွေဟာလည်း Mask တပ်ရမှာဖြစ်ပါတယ်။ဈေးရောင်းချသူတွေအနေနဲ့ မလိုအပ်ဘဲ တစ်ဆိုင်နဲ့တစ်ဆိုင် သွားလာခြင်းကိုလည်းမပြုလုပ်ရဘူးလို့သိရပါတယ်။

" စားသောက်ကုန် နဲ့ ဆေးဝါးတွေ ပဲ ဖွင့်လှစ်ခွင့်ပေးတော့မယ်။ ကျန်တဲ့မလိုအပ်တဲ့ဆိုင်တွေ Stay Home ကာလမှာပိတ်ထားရမယ်။ Maskတပ်ရမယ်။ Hand Gelတွေ ထားရှိရမယ်။သတ်မှတ်စည်ကမ်းမလိုက်နာရင်တော့ စည်ပင်သာယာရေး ကနေ ငွေဒဏ် သတ်မှတ်ထား ပါတယ်။ ကိုဗစ် ဥပဒေနဲ့တော့ မလုပ်သေးပါဘူး။ "လို့ မင်္ဂလာတောင်ညွန့် မြို့နယ် တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးလှဌေး ကပြောပါတယ်။

လက်ရှိ ရန်ကုန်ထဲမှာ Stay Home မြို့နယ်တွေအဖြစ် တောင်ဒဂုံ၊တောင်ဥက္ကလာ၊ဒဂုံ၊ဒဂုံမြို့သစ်အရှေ့ပိုင်း၊ဗဟန်း၊ဒဂုံဆိပ်ကမ်း၊ လမ်းမတော်၊ဒေါပုံ၊လှည်းကူး၊အင်းစိန်၊ မင်္ဂလာဒုံ၊ သာကေတ၊ ‌သင်္ဃန်းကျွန်း၊ ပုဇွန်တောင်၊ မြောက်ဥက္ကလာပ မြို့နယ်နှင့် လှိုင်မြို့နယ်၊လိူင်သာယာ၊မရမ်းကုန်း၊ကမာရွတ်၊ စမ်းချောင်း၊ကြည့်မြင်တိုင်၊အလုံ၊ကျောက်တံတား၊ဗိုလ်တစ်ထောင်၊ မင်္ဂလာတောင်ညွန့် ၊တာမွေ၊ ရန်ကင်း၊ မြောက်ဒဂုံ မြို့တွေကိုသတ်မှတ်ထားပါတယ်။

(အလွတ်တန်းသတင်းထောက်ချစ်ခွန်းချို ပေးပို့သောသတင်းဖြစ်သည်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က