လူငယ်တွေကို တိုက်တွန်းခဲ့တာပါ။
စတုတ္ထမြောက် စက်မှုတော်လှန်ရေး(Fourth Industrial Revolution) မှာ လူငယ်တွေအင်အားက အဓိကဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

Photo - myanmar state counsellor office



ဇူလိုင်လ ၁၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ်၊ ပန်းဆိုးတန်းလမ်းနှင့် ကမ်းနားလမ်းထောင့် ကျန်းမာရေးဆိပ်ကမ်းဝင်းထဲမှာ ဖွင့်လစ်လိုက်တဲ့ Yangon Innovation Centre (ရန်ကုန် ဆန်းသစ်ဖန်တီးမှုဗဟိုဌာန) မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားခဲ့တာ ဖြစ်ပါတယ်။

"ကျွန်မအနေနဲ့ အစဉ်တစ်စိုက် စွဲစွဲမြဲမြဲ ယုံကြည်ထားတာ ရှိပါတယ်။ မကြာခဏလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ စတုတ္ထမြောက် စက်မှုခေတ် (Industry 4.0) ပဲ ဖြစ်ဖြစ်၊ ဘယ်ခေတ် ဘယ်ကာလမှာပဲဖြစ်ဖြစ် အဓိက အရေးကြီးဆုံးက ကျွန်မတို့ရဲ့ လူသားအရင်းအမြစ်ဖြစ်တဲ့ ကျွန်မတို့ ပြည်သူလူထုတွေပဲ ဖြစ်ပါတယ်။ လူကြီး၊ လူငယ်မရွေး နိုင်ငံသားတိုင်း တန်ဖိုးရှိပါတယ်။ လူသာအဓိက ဖြစ်တဲ့အတွက် ကျွန်မတို့ ကြိုးစားကြဖို့ အရေးကြီးပါတယ်။ စတုတ္ထမြောက် စက်မှုခေတ်အပြင် နောင်လာမယ့် ပဉ္စမမြောက်၊ ဆဌမမြောက် ခေတ်တွေကို ကူးပြောင်းရာမှာတော့ ကျွန်မတို့ရဲ့ လူငယ်တွေရဲ့အင်အားက အဓိက ဖြစ်ပါတယ်"လို့ သူကပြောပါတယ်။

Photo - myanmar state counsellor office

ဒါကြောင့် ပထမဆုံးအချက်အနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပညာရေးစနစ် အဆင့်မြှင့်တင်ဖို့၊ ဒုတိယအချက် အနေနဲ့ အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးစနစ်ကို ခေတ်မီအောင် ပြုပြင်ပြောင်းလဲဖို့၊ တတိယအချက်အနေနဲ့ နည်းပညာနဲ့ တီထွင်ဆန်းသစ်မှုကို အားပေးမြှင့်တင်ဖို့ အစိုးရအနေနဲ့ ဦးစားပေးဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

Photo - myanmar state counsellor office

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပထဝီအနေအထား အားသာချက်ကနေ သန့်ရှင်းတဲ့ စွမ်းအင်တွေ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အော်ဂန်းနစ်သီးနှံတွေ အမြောက်အမြား ထုတ်လုပ်ပေးနိုင်တဲ့ အခြေအနေကောင်းတွေလည်း ရှိနေတာကြောင့် စိုက်ပျိုးမြေလက်ကျန် အများအပြား ကျန်ရှိနေတဲ့ အခြေအနေတွေကလည်း နည်းပညာ၊ တီထွင်ဆန်းသစ်မှုတွေနဲ့ ထိထိ ရောက်ရောက် ရင်းနှီးမြုပ်နှံပြီး စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နိုင်မယ်ဆိုရင် လယ်ယာ အင်အားကြီးတဲ့ Agri-Power နိုင်ငံတစ်နိုင်ငံအဖြစ်ကို ရောက်ရှိလာနိုင်မယ့် အခွင့်အလမ်း တွေလည်း ရှိနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

Photo - myanmar state counsellor office

"အဓိက မီးမောင်းထိုးပြီး ပြောကြားလိုတာကတော့ ကျွန်မတို့ရဲ့ လူငယ်တွေကို မှန်ကန်တဲ့ ထောက်ပံ့မှုတွေ၊ ကောင်းမွန်တဲ့ လမ်းပြမှုတွေ ဖန်တီး ဖြည့်ဆည်းပေး လိုက်မယ်ဆိုရင် ကျွန်မတို့နိုင်ငံရဲ့ အိပ်မက်တွေ ဖော်ဆောင်တဲ့ နေရာမှာ လူငယ်များ တက်တက်ကြွကြွ ထိထိရောက်ရောက် ပါဝင်နိုင်ကြမှာပါ။"လို့ သူကပြောခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က