နောက်ထပ် ၂ ဦးကျန်နေပါသေးတယ်။

မော်လမြိုင်၊ မုပွန်ရပ်ကွက်မှာနေထိုင်သူ မွန်ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (စစစ) ညွှန်ကြားရေးမှူးရဲ့ နေအိမ်ကို ဖောက်ထွင်းသူတွေထဲက တစ်ဦးကို ဧပြီလ ၂၁ ရက် နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ မုပွန်နယ်မြေရဲစခန်းက စုံစမ်းသိရှိရပါတယ်။

Photo- မွန်ပြည်နယ်ရဲတပ်ဖွဲ့

ကျူးလွန်သူ ရဲမင်းပိုင်ကို ဧပြီလ ၂၁ ရက် ညနေ ၄ နာရီလောက်က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် မှာ ဖမ်းဆီးရမိခဲ့ပြီး ဒီဖြစ်စဉ်မှာ နောက်ထပ်ပါဝင်သူ ၂ ဦးကျန်ရှိနေသေးတယ်လို့ မုပွန်နယ်မြေရဲစခန်းမှ စခန်းမှူး ဒုရဲမှူးသန့်စင်က Duwun ကိုပြောပါတယ်။

“သံဖြူဇရပ် သေမင်းတမန် ပြတိုက်နားမှာ ဖမ်းမိခဲ့တာပါ။ သူ့ကို ရမန်ယူပြီး စစ်ဆေးနေပါတယ်။ သူ့ ပြောပုံအရ တော့ နောက်ထပ် ၂ ယောက်ကျန်သေးတယ်ပြောတယ်။ ကျွန်တော်တို့ကတော့ စစ်ဆေးတုန်းပါ။ နောက်ထပ် ၂ ယောက်ကိုလည်း ဖမ်းဆီးရမိရေး ဆောင်ရွက်သွားမယ်” လို့ ဒုရဲမှူး သန့်စင်က ဆိုပါတယ်။

ဧပြီလ ၁၅ ရက် ညနေပိုင်းက မော်လမြိုင် မောင်ငံရပ်ကွက်၊ တောင်ရိုးတန်းလမ်းရှိ မွန်ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဇော်ဝင်းရဲ့ နေအိမ်မှလူတွေ ဘုန်းကြီးကျောင်းသွားနေခိုက် ရဲမင်းပိုင်ဆိုသူက ဝဖောက်ထွင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Photo- မွန်ပြည်နယ်ရဲတပ်ဖွဲ့ (သိမ်းဆည်းရမိသည့် ပစ္စည်းများ)

ဖောက်ထွင်းခိုးယူသွားခဲ့တဲ့ ရွှေထည် ၉၇ မျိုး အပါအဝင် မြန်မာကျပ်ငွေ သိန်း ၅၀ နဲ့ ထိုင်းဘတ် ၆၀၀၀ ကျော်တို့ကိုတော့ ကျုးလွန်သူ ရဲမင်းပိုင်ဆိုသူရဲ့ နေအိမ်မှာ ဧပြီလ ၁၈ ရက် ည ၈ နာရီကျော်လောက်က ရှာဖွေသိမ်းဆည်းနိုင်ခဲ့ပါတယ်။

အဆိုပါ ဖောက်ထွင်းမှု ကျူးလွန်သူမှာ စသုံးလုံး ညွှန်ကြားရေးမှူး နေအိမ်ကို မဖောက်ထွင်းမီ အဲဒီနေ့ မနက်ပိုင်းက မော်လမြိုင်မြို့က အခြားနေအိမ်တစ်ခုကို ဖောက်ထွင်းဝင်ရောက်ခဲ့သေးပြီး ပစ္စည်းတွေတော့ ယူဆောင်သွားနိုင်ခဲ့ခြင်း မရှိဘူးလို့လည်း ရဲတပ်ဖွဲ့ စစ်ဆေးချက်တွေအရသိရပါတယ်။

အဲဒီနောက် ရဲတပ်ဖွဲ့ အဆိုပါ ဖြစ်စဉ်ကို ခြေရာခံမိပြီးနောက် လိုက်လံစုံစမ်းခဲ့ရာမှ မွန်ပြည်နယ် စသုံးလုံး ညွှန်ကြားရေးမှူးနေအိမ်ကို ဖောက်ထွင်းခဲ့သူ ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က