“ဒေတာ ကြီးကြီး၊ ဆု ကြီးကြီး” ကံစမ်းမဲအစီအစဉ် ကို မေလ (၂၉ )ရက်နေ့ မှ ဇူလိုင်လ (၃၁)ရက်နေ့ အထိ ပြုလုပ်ပေးလျက်ရှိပါတယ်။
Phyo Min Thant

မြန်မာနိုင်ငံ ရဲ့ ခေတ်မီဆန်းသစ်မှုအရှိဆုံးနဲ့ ဂရုအစိုက်ဆုံး ဆက်သွယ်ရေးအော်ပရတာ Mytel က တစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ “ဒေတာ ကြီးကြီး၊ ဆု ကြီးကြီး” ကံစမ်းမဲအစီအစဉ် ကို မေလ (၂၉ )ရက်နေ့ မှ ဇူလိုင်လ (၃၁)ရက်နေ့ အထိ ပြုလုပ်ပေးလျက်ရှိပါတယ်။

ဒီအစီအစဉ်ကနေပြီး မြန်မာနိုင်ငံမှာ လက်ရှိ လူကြိုက်များ ရေပန်းစားနေတဲ့ Suzuki GLX ကား အသစ်စက်စက် (၆)စီးကို ကံစမ်းမဲ ဖောက်သွားမှာပဲဖြစ်ပါတယ်။  

Suzuki GLX ကားကြီးတွေအပြင် Mytel FTTH One Year Unlimited (၂၀)ဆု၊ Apple Airpods 2 (၂၂)ဆု၊ Samsung Smart TV (၁၀)ဆု နဲ့ တခြား မြောက်မြားစွာသော ဒေတာလက်ဆောင်များကိုပါ ထည့်သွင်းပေးထားတဲ့ အတွက် လက်မလွှတ်သင့်တဲ့ အလန်းစား အစီအစဉ်တစ်ခုပါပဲ။ 

ဒေတာကြီးကြီး၊ ဆုကြီးကြီး MYTEL ရဲ့ (၁) နှစ်ပြည့် အထိမ်းအမှတ် ကံစမ်းမဲအစီအစဉ်မှာ ပါဝင် ကံစမ်းဖို့ အတွက် နှစ်သက်ရာလစဉ်ဒေတာ pack၊ BUNDLE pack နဲ့ XCHANGE pack တွေကို ဝယ်ယူပြီး ကံစမ်းမဲ ကုဒ်နံပါတ်တစ်ခု ရယူပြီး အစီအစဉ်သို့ ဝင်ရောက်ဆင်နွှဲနိုင်ပါတယ်။ ဒီလိုဝင်ရောက်ကံစမ်းခြင်းဖြင့် 100 MB ၊ 1 GB ၊ 10 GB နဲ့ 100 GB ဒေတာလက်ဆောင် တို့ကို နေ့စဉ်ရရှိနိုင်မယ့်အခွင့်အရေးလည်းရှိပါသေးတယ်။

ဒေတာကြီးကြီး၊ ဆုကြီးကြီး MYTEL ရဲ့ (၁) နှစ်ပြည့် အထိမ်းအမှတ် ကံစမ်းမဲအစီအစဉ်ကနေပြီး ဇွန်လ (၉ ) ရက်နေ့တုန်းက Suzuki GLX လိမ္မော်ရောင် ကားအသစ်ကြီး (၂)စီး၊ Mytel FTTH One Year Unlimited (၄)ဆု၊ Apple Airpods 2 (၆)ဆု၊ Samsung Smart TV (၂)ဆု တို့ကို တလုံးတခဲ ကံစမ်းပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Suzuki GLX ကားအသစ်ကြီး (၄)စီး ကို ကံထူးဖို့အခွင့်အရေးကျန်ရှိနေသေးတာကြောင့် MYTEL ရဲ့ နှစ်သက်ရာ လစဉ်ဒေတာ pack များကို အခုဘဲ ဝယ်ယူပြီး ကံစမ်းနိုင်အောင် Duwun ပရိသတ်ကြီးအတွက် သတင်းကောင်းပါးလိုက်ရပါတယ်။


Author


က္က