နယ်ထိန်းတပ်ဖွဲ့ဝင် ၂ ယောက်လည်းဒဏ်ရာ ရခဲ့ပါတယ်။

တရားခံဖမ်းဆီးရာမှ ပြန်လည်ခုခံတိုက်ခိုက်မှုကြောင့် ဒုရဲအုပ်တစ်ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦးဓားဒဏ်ရာရရှိမှုတစ်ခု ဖေဖော်ဝါရီ ၂၆ ရက်နေ့က တနင်္သာရီမြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်၁၀နာရီခွဲအချိန်က တနင်္သာရီမြို့ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်-သန်းထွန်းမင်း ဦးဆောင်တဲ့ အဖွဲ့ဟာ တနင်္သာရီမြို့နယ် ဆင်ခြေဖုန်းကျေးရွာအုပ်စု အေက္ကင်းအနောက်ကမ်းရွာ ဥယာဉ်တဲ ကို သွားရောက်ပြီး တရားခံဖမ်းဆီးရာမှာ တရားခံက ဓားနဲ့ ပြန်လည်ခုခံတိုက်ခိုက်မှုကြောင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သန်းထွန်းမင်းနေရာမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ါ့အပြင် သူနဲ့အတူလိုက်ပါခဲ့တဲ့ နယ်ထိန်းရဲတပ်ဖွဲ့ဝင် နှစ်ဦးလည်း ဓားဒဏ်ရာများရရှိခဲ့တာကြောင့် တနင်္သာရီမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေတယ်လို့ တနင်္သာရီမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကသိရပါတယ်။

"တရားခံကိုတော့ ဖမ်းဆီးရမိခဲ့ပြီး ဆောင်ရွက်စရာရှိတာတွေ ဆက်လက် ဆောင်ရွက်နေပါတယ်။ ဆေးရုံတက်နေတဲ့ တပ်ဖွဲ့ဝင်တွေကတော့ စိုးရိမ်စရာမရှိတော့ပါဘူး။"လို့ တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူက Duwun ကို ပြောပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ငြိမ်းချမ်းကို ( ၂၁ ) နှစ် သီတာလမ်း၊ ချောင်းငယ်ရပ်ကွက်၊ တနင်္သာရီမြို့နယ်နေသူကို တနင်္သာရီမြို့မရဲစခန်းကနေ ( ပ ) ၃၀ / ၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ / ၃၂၆/ ၃၃၃ နဲ့ အမှုဖွင့် ဆောင်ရွက်ထားပါတယ်။



က္က