ဒီနေ့မှာ အမိန့်ချမှတ်ခဲ့တာပါ။

တရားဟောဆရာဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်းပိုင်ရှင် ဦးဝေထွန်းတို့ကို အလုပ်နဲ့ ထောင်ဒဏ် (၃) လ အမိန့်ချမှတ်လိုက်ပေမယ့် ချုပ်ရက်နဲ့ လွတ်မှာဖြစ်လို့ ထောင်ထဲမှာ ၂ ပတ် ခန့်သာနေရတော့မယ်လို့ ဒေးဗစ်လားရဲ့ ရှေ့နေ ဦးအောင်ကြည်ဝင်းက ပြောပါတယ်။

ဒီကနေ့ သြဂုတ်လ (၆) ရက်နေ့ မရမ်းကုန်းမြို့နယ်တရားရုံးက ဒေးဗစ်လားတို့အမှုကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၃၀) (က)နဲ့ အလုပ်နဲ့ ထောင်ဒဏ်(၃) လ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။



“ပုဒ်မက မူလတရားစွဲဆိုထားတဲ့ ပုဒ်မ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅) အစား ပုဒ်မ (၃၀) (က) နဲ့အမိန့်ချမှတ်ခဲ့တာပါ။ ချုပ်ရက်က (၂) လကျော်သွားပြီဖြစ်လို့ ထောင်ထဲမှာ (၂) ပတ်လောက်ပဲ နေရမယ်” လို့ ဒေးဗစ်လားရှေ့နေ ဦးအောင်ကြည်ဝင်းက ဒီနေ့ ရုံးချိန်းမှာ ပြောသွားခဲ့တာပါ။

ကိုဗစ်ကာလအတွင်း လူစုလူဝေးနဲ့ ဘာသာရေးအခမ်းအနားပွဲကျင်းပခဲ့တယ်ဆိုပြီး တရားဟောဆရာဒေးဗစ်လးနဲ့ နဝရတ်တေးသံသွင်းပိုင်ရှင် ဦးဝေထွန်းတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅) နဲ့အမှုဖွင့်ထားခဲ့ပြီးနောက် မေလ (၂၀) ရက်နေ့က ပထမဆုံး ရုံးချိန်းစတင်ခဲံပါတယ်။ 

ဒေးဗစ်လားတို့အမှုကို ရက်ပေါင်း (၉၀) အတွင်းအပြီးသတ်စစ်ဆေးခဲ့မယ်လို့ ကနဦး ကြေညာထားခဲ့ပေမယ့် ရုံးချိန်းပေါင်း (၁၃) ကြိမ်မြောက်အပြီးမှာတော့ အမိန့်ချမှတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က