တရားခံဆီက ငွေညှစ်ပြီး တရားရုံးသက်သေ ကျွဲတွေကို ရောင်းစားခဲ့တဲ့ ဒုရဲအုပ်ကိုအရေးယူ

လပွတ္တာမြို့နယ်၊ ကန်ဘဲ့ နယ်မြေရဲစခန်းမှ အမှုစစ် ဒုရဲအုပ်အောင်နိုင်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် အရေးယူလိုက်တယ်လို့သိရပါတယ်။

Photo - ACC Myanmar

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်နေ လယ်သမားများက လယ်ထွန်ရန်အတွက် လိုအပ်သော ကျွဲ(၅)ကောင်ကို စာချုပ်စာတမ်းနဲ့ ဝယ်ယူလာခဲ့စဉ်မှာ ကန်ဘဲ့နယ်မြေရဲစခန်းက အမှုဆင် ဖမ်းဆီးတရားစွဲပြီး ငွေကြေးတောင်းခံခဲ့တာအပြင် တရားရုံးသက်သေခံဖြစ်တဲ့ ကျွဲတွေကိုပါ ရောင်းစားခဲ့တာကြောင့် ဖြစ်ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးခဲ့ရာမှာ ကန်ဘဲ့နယ်မြေ ရဲစခန်းမှ အမှုစစ် ဒုရဲအုပ်အောင်နိုင်ဦးဟာ နစ်နာသူ တရားခံရဲ့ဇနီးထံဆီကနေ အမှုကိစ္စညှိနှိုင်းရန် ငွေ ကျပ်(၅) သိန်းနဲ့ တရားခံတွေ အာမခံရရှိရေးအတွက် ငွေကျပ်(၅)သိန်း တောင်းခံရယူခဲ့တယ်လို့ ပေါ်ပေါက်ခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကနေ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒါကြောင့် ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်တာကြောင့် ကန်ဘဲ့နယ်မြေရဲစခန်းမှ အမှုစစ် ဒုရဲအုပ်အောင်နိုင်ဦး (လ။၂၁၃၁၉၆)ကို တရားစွဲဆိုဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒုရဲအုပ်အောင်နိုင်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ ကန်ဘဲ့နယ်မြေရဲစခန်းမှ ာဇန်နဝါရီလ ၂၈ ရက်နေ့က ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။



က္က