လက်ရှိတော့ မြို့အဝင်အထွက် ဂိတ်တွေမှာ ပိတ်ဆို့ရှာဖွေနေပါတယ်။

ဇန်နဝါရီ ၂၉ ရက် နေ့လယ်က တာချီလိတ်မြို့လယ် ဈေးမီးပွိုင့်အနီးမှာ သေနတ်ပစ်သတ်ခံရတဲ့အမှုမှာ လက်ရှိအချိန်ထိတရားခံကို ဖမ်းဆီးရမိခြင်းမရှိသေးဘဲ မြို့အဝင်အထွက်ဂိတ်တွေမှာ ပိတ်ဆို့ ရှာဖွေနေတယ်လို့ တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက Duwun ကိုပြောပါတယ်။

Photo- Sai Kham Boo



လက်ရှိမှာ သက်သေတွေကို ခေါ်ယူစစ်ဆေးနေတာဖြစ်ပြီး သက်သေ ၁၀ ဦးအထိ စစ်ဆေးခဲ့ပြီးလို့လည်း ဆိုပါတယ်။ “ တရားခံကတော့ နှစ်ယောက်ပါ။ မြို့အဝင်အထွက်ဂိတ်တွေမျာ ဖမ်းဆီးရှာဖွေနေဆဲဖြစ်ပါတယ်။” လို့ တာချီလိတ်မြို့မရဲစခန်းမှ ရဲအရာရှိက ဆက်ပြောပါတယ်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့ မြို့မျက်နှာဖုံးသူဌေးကြီး ဦးအားဖာဟာ ဇန်နဝါရီ ၂၉ ရက်နေ့လယ်ပိုင်းကနေ နေအိမ်ကနေ ကားမောင်းလာပြီး အားခါဈေးမီးပွိုင့်နားမှာ မီးပွိုင့်စောင့်နေရင်း ဆိုင်ကယ်စီးလူ ၂ ယောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေတွေဆီကနေ သိရပါတယ်။

ဆိုင်ကယ်စီးပြီး ဦးထုပ်ကို မျက်နှာကွယ်ဆောင်းထားတဲ့ လူနှစ်ယောက်က ဘေးကနေကပ်ပြီး သေနတ်နဲ့ ၆ ချက် လောက် ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့လည်း မျက်မြင်သက်သေတွေက ပြောပါတယ်။

ကားပေါ်မှာ သေဆုံးသူအပြင် အိမ်အကူဖြစ်သူ အမျိုးသမီးတစ်ဦးလည်း လိုက်ပါခဲ့လာပြီး သေနတ်နဲ့ပစ်ခတ်တာက ကားမောင်းတဲ့သူဖက်မှ ဖြစ်တာကြောင့် အဆိုပါ အမျိုးသမီးကိုတော့ ထိမှန်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က