သီလရှင်(၁၆)ပါးက အိမ်ငှားနေထိုင်နေတာပါ။

အိမ်ကိုသွားရောက်စစ်ဆေးတဲ့အခါမှာ သီလရှင်(၁၆)ပါးကိုတွေ့ရှိရတဲ့အတွက် ဝန်ခံကတိလက်မှတ်ရေးထိုးခိုင်းပြီး တစ်ပတ်အတွင်းနေအိမ်ကနေ သင့်တော်တဲ့ ကျောင်းတိုက်မှာပြောင်းရွှေ့နေထိုင်ဖို့ကို အသိပေးထားတယ်လို့ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်မှာ အိမ်ငှားနေတဲ့ သီလရှင်တွေကမူးယစ်သောင်းကျန်းမှုတွေရှိတဲ့အတွက် ရပ်ကွက်နေပြည်သူတွေရဲ့တိုင်တန်းချက်အရ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့ပါတယ်။ဇူလိုင်လ(၃)ရက်နေ့ညမှာတော့ ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အတူ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးတဲ့အခါမှာ အိမ်ငှားနေတဲ့ သီလရှင် (၁၆)ပါးကို တွေ့တယ်လို့ ဝမ်ကောင်းအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းကပြောပါတယ်။

“ ရပ်ကွက်ထဲနေတဲ့သူတွေက ကျွန်တော်တို့ကို အသိပေးပြောကြားလို့ ကျွန်တော်တို့ ငှားနေတဲ့အိမ်ကို သွားရောက်ရှာဖွေခဲ့တော့ သီလရှင်(၁၆)ပါးကိုတွေ့တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက သီလရှင်တစ်ပါးက မူးပြီးအော်ဟစ်နေတာကိုလည်း လူမှုကွန်ရက်မှာ တွေ့ခဲ့တယ်။ ရပ်ကွက်နေပြည်သူတွေကလည်း အကြောင်းကြးထားတာရှိတော့ သွားရောက်စစ်ဆေးခဲ့တာ”လို့ ဇူလိုင်လ (၅)ရက်နေ့မှာ ဦးထွန်းထွန်းဝင်းက Duwun ကိုပြောပါတယ်။

သွားရောက်စစ်ဆေးပြီး နောက်နေ့မနက်မှာဘဲ အိမ်ငှားနေတဲ့ သီလရှင်တွေကို တာချီလိတ်မြို့ သံဃနာယကဆရာတော်ထံမှာ ဝန်ခံကတိလက်မှတ်ရေးထိုးခိုင်းခဲ့ပြီးတော့ တစ်ပတ်အတွင်းမှာ သင့်တော်တဲ့ကျာင်းတစ်ကျောင်းမှာ သတင်းသုံးဆောင်ကြဖို့ ဆရာတော်က မှာကြားလိုက်တယ်လို့ ဦးထွန်းထွန်းဝင်းကပြောပါတယ်။

ဝန်ခံကတိမှာတော့ သီလရှင်တွေဟာကျောင်းထိုင်ဆရာတော်၊ သီလရှင်ဆရာကြီးများရဲ့ အုပ်ချုပ်မှုအောက်မှာသာနေထိုင်ရမှာဖြစ်ပြီး အခုလိုနေထိုင်ခြင်းက မသင့်တော်ကြောင်း၊ နေထိုင်ခွင့်မရှိကြောင်းနဲ့ စည်းကမ်းလိုက်နာမှုမရှိဘူးဆိုရင် တရားဥပဒေနဲ့ အရေးယူမည်ဆိုကြောင်းကို ဝန်ခံလက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က