အမျိုးသမီးတစ်ဦးကို လူ တစ်စုက သေနတ်တွေနဲ့ ခြိမ်းခြောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

တာချီလိတ်ခရိုင်၊ မိုင်းဖုန်းကျေးရွာအုပ်စု၊ ဝှေလေလန်ကျေးရွာမှာ နေအိမ်မှာ ဈေးရောင်းနေတဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးကို လူ တစ်စုက သေနတ်တွေနဲ့ ခြိမ်းခြောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားမှု အောက်တိုဘာ ၃ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ တာချီလိတ်သတင်းကနေ သိရပါတယ်။



43083403_2007958956093167_1382102729047932928_n (1).jpg 

အသက် ၅၀ အရွယ် ဒေါ်အီနန်းဆိုသူ အမျိုးသမီးက သူရဲ့နေအိမ်မှာ ဈေးရောင်းနေစဉ် မျက်နှာမှာ ပုဝါစည်းထားပြီး သေနတ်တွေ ကိုင်ဆောင်ထားတဲ့ လူ ၄ ယောက်ရောက်လာခဲ့တယ်လို့သိရပါတယ်။

အဆိုပါ လူ ၄ ဦးထဲက တစ်ဦးက ဒေါ်အီနန်းရဲ့ ယောကျာၤးကို သေနတ်နဲ့ ချိန်ထားပြီး ကျန်တဲ့ ၂ ယောက်က ဒေါ်အီနန်းရဲ့ လက်တစ်ဖက်စီကို အတင်းဆွဲခေါ်သွားကာ ကားမောင်းထွက်သွားခဲ့တယ်လို့သိရပါတယ်။ “ဒီနေ့မနက်(၈)နာရီခွဲလောက်မှာ ဝှေလေလန်ကျေးရွာမှာ အသက်(၅၀)လောက် ဒေါ်အီနန်းကို အမည်မသိလူ(၅)ယောက်က သေနတ်တွေနဲ့လာခေါ်သွားတယ်။ သူက သူ့အိမ်ရှေ့ဈေးဆိုင်မှာ ဈေးရောင်းနေတာ တစ်ယောက်ထဲ။ သူ့ယောကျ်ားက အိမ်နောက်မှာရှိတယ်။ အသံကြားလို့ ထွက်လာတော့ သူ့မိန်းမကို လူနှစ်ယောက်က လက်တစ်ဖက်စီက အတင်းဆွဲခေါ်သွားတယ်။ ကျန်တဲ့လူက သူ့ယောကျ်ားကို သေနတ်နဲ့ ချိန်ထားတယ်။ ကားက အပြာရောင်။ လာခေါ်တဲ့သူတွေက မျက်နှာမှာ ပဝါစည်းထားတယ်၊ ဦးထုပ်ဆောင်းထားတယ်။ အားလုံးဂျင်းဘောင်းဘီဝတ်ထားတယ်။ လူက(၄)ယောက် သေနတ်အရှည်ကိုင်တာ ပါတယ်။ သေနတ်အတို ကိုင်ထားသူလည်းပါတယ်။ ပြောက်ကျားဖိနပ်စီးထားတဲ့သူတွေလည်း ပါတယ်။ သတင်းရရချင်းမှာပဲ တာချီလိတ်ခရိုင်အတွင်းက ရဲတပ်ဖွဲ့တွေ ချိတ်ဆက်ပြီး စုံစမ်းစစ်ဆေးနေပါတယ်” ဝမ်ပုံနယ်မြေရဲစခန်းမှူး ရဲအုပ် မောင်မောင်စိုးက တာချီလိတ်သတင်းအေဂျင်စီကိုပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားသူတွေကို ဖေါ်ထုတ်နိုင်ရေးအတွက် ဝမ်ပုံနယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပြီး ဝမ်ပုံနယ်မြေရဲစခန်းနဲ့ တာချီလိတ်မြို့မရဲတပ်ဖွဲ့မှ နယ်ထိန်းအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က