Ei Ei Htun

 လူတွေကိုမကူးစက်နိုင်အောင် ဝက်သေသားတွေမစားဖို့တားမြစ်ထားပြီးတော့ ဝက်သေတွေကိုလည်း စနစ်တကျမြေမြှုပ်မှုတွေလုပ်ကြဖို့ ပြည်သူတွေကို အသိပညာပေးတွေလုပ်ဆောင်နေတယ်လို့ တာချီလိတ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်ကပြောပါတယ်။



photo- Pig in mud via Shutterstock

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းမှာ ဝက်တုပ်ကွေးဖြစ်ပွားပြီး ဝက်များသေဆုံးနေမှုကြောင့် ဒေသခံများကို ဝက်သားမစားကြရန် တားမြစ်ထားပြီး ဒေသတွင်းမှာလည်း အသိပညာပေးလုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ တာချီလိတ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောပါတယ်။

“ တာချီလိတ်မြို့နဲ့ မိုင်းဖြတ်ကြားက မိုင်းဟဲကျေးရွာနဲ့မိုင်းဖြတ်မြို့မှာ အဖြစ်များနေတာ။ ဖြစ်တာက မွေးမြူရေးဝက်တွေမဟုတ်ဘူး။ ဒေသဝက်တွေဖြစ်နေတာ။ တာချီလိတ်မြို့နယ်အတွင်းမှာရှိတဲ့ တချို့ရွာတွေမှာ ဆိုရင် မျိုးသုဉ်းတဲ့အထိ ရွာမှာရှိတဲ့ဝက်တွေအကုန်သေတာ။ ဖြစ်တာက (၇)လပိုင်း ကတည်းကဖြစ်နေတာ။ သေတဲ့ဝက်တွေကိုလည်းဒေသခံတွေကို မစားဖိုနဲ့ ဝက်သေတွေကိုလည်း သေခြာမြေမြှုပ်ဖို့တွေကို အသိပညာပေးတွေတော့ လုပ်ထားတယ်၊ ဖျားနာနေတဲ့ ဝက်တွေကိုလည်း ကာကွယ်ဆေးလိုက်လံထိုးပေးတာတွေ ဆောင်ရွက်နေတယ်” လို့ သြဂုတ်လ(၅)ရက်နေ့မှာ တာချီလိတ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က Duwun ကိုပြောပါတယ်။

ဝက်တုပ်ကွေးဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ လာအိုနိုင်ငံဘက်က ကူးဆက်လာတာကြောင့် နယ်စပ်ကသွင်းလာတဲ့ ဝက်သားတွေနဲ့ ပတ်သက်ပြီး ရောင်းဝယ်ဖောက်ကားမှုနဲ့ သားသတ်ဒိုင်တွေကိုလည်း စည်ပင်ကစစ်ဆေးမှုတွေလုပ်နေတယ်လို့ ဦးခင်မောင်တင့်က ပြောပါတယ်။

ဝက်တုပ်ကွေးကြောင့် ဝက်တွေမှာ ဖြစ်ပွားတဲ့ ရောဂါလက္ခဏာဟာ ဝက်တွေကဖျားနာပြီး (၃)ရက်လောက်အစာမစားဘဲ အော်ပြီးသေသွားတာတွေရှိသလို၊ ခေါင်းကြီးလာပြီး ပါးစပ်ကသွေးထွက်ပြီးသေတာတွေလည်းရှိနေပါတယ်။ (၃)ရက်လောက်အစာမစားဘူးဆိုရင် အဲ့ဒီဝက်ကသေဖို့ကများတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဝက်တုပ်ကွေးကို တာချီလိတ်မြို့မှာ လူတွေကိုကူးစက်တာမျိုးတော့ မရှိသေးဘဲ၊ မကူးစက်အောင်လည်း ဝက်သေသားတွေကိုမစားဖို့ကို တားမြစ်ထားပြီး အသိပညာပေးမှုတွေဆောင်ရွက်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က