သတင်းလွတ်လပ်ခွင့်စံနှုန်းတွေ ပြန်လည်မြင့်တက်လာရေးအတွက်လုပ်ဆောင်ဖို့လည်း လက်ရှိအစိုးရကိုတိုက်တွန်းထားပါတယ်။
သတင်းအမှားတွေ ထုတ်လွင့်နေမှုနဲ့ ပတ်သက်ပြီး သတင်းသမားများ ဝိုင်းဝန်းတားဆီးကြဖို့ အတွက် မေလ ၃ ရက်နေ့မှာ ပြုလုပ်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားမှာ တက်ရောက်လာသူတွေက ဆွေးနွေးခဲ့ကြပါတယ်။

ဒီနေ့ ခေတ်ဟာ သတင်းမှားတွေ အများကြီးပြန့်နှံ့နေတာကြောင့် ဒီလိုသတင်းအမှားတွေကို စောင့်ကြည့်ထိမ်းကျောင်းကြဖို့နဲ့ သတင်းအမှားတွေကြောင့် ပြည်သူတွေက သတင်းတွေအပေါ် အယုံအကြည်မရှိ ဖြစ်လာနိုင်တယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က ပြောပါတယ်။



" သတင်းအမှားတွေမဖြစ်ဖို့က သတင်းသမားတွေရဲ့တာဝန်ဖြစ်ပါတယ်။ အခုလည်း တချို့တော့ သတင်းအမှားတွေကို စောင့်ကြည့်တာတွေ ပြုလုပ်နေကြပါပြီ။ သတင်းအမှားတွေကြောင့် သတင်းတွေအပေါ်ပြည်သူက အယုံအကြည်မရှိဖြစ်လာနိုင်ပါတယ်"လို့ ဝန်ကြီးဦးဖေမြင့်ကေ ပြောခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပမည်ဖြစ်တာကြောင့် သတင်း မီဒီယာများ ပိုမိုလွတ်လပ်စွာသတင်းရယူရေး၊ သတင်းသမားများကို အကာအကွယ်ပေးရေးနှင့် လုပ်ကြံ သတင်းများကိုလည်း သတိထားစောင့်ကြည့်သွားရမည့် အရေးကိစ္စတစ်ခု ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ကြေညာပါတယ်။

သတင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရှင်သန်ရေးဟာ ဆက်စပ်နေတဲ့အတွက် သတင်းလွတ်လပ်ခွင့်တွေကျဆင်းလာရင် ဒီမိုကရေစီစနစ်ကိုလည်း ထိခိုက်စေမယ်လို့ ကောင်စီတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါကြောင့်မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်စံနှုန်းတွေ ပြန်လည်မြင့်တက်လာရေးအတွက် လက်ရှိအစိုးရအနေနဲ့ သတင်းမီဒီယာတွေ၊ သတင်းသမားတွေကို လွတ်လပ်စွာသတင်းရယူ ရေးသားခွင့်များ ပိုမိုဖန်တီးပေးဖို့လည်း ကောင်စီက တိုက်တွန်းထားပါတယ်။

Share

Loading Next Article...
က္က