အလုပ်လုပ်ခဲ့တဲ့ဝါးဓနိဆိုင်ကိုလည်း Lock Down လုပ်ထားပြီလို့သိရပါတယ်။
Kyaw Ko Ko Sint

လူနာက ကျိုက္ကဆံလမ်းပေါ်ရှိ ဝါးဓနိဆိုင်မှာလည်း အလုပ်လုပ်တာကြောင့် ဆိုင်က အလုပ်သမားအားလုံးကို နေအိမ်မှာအသွာားအလာ ကန့်သတ်လိုက်သလို ဆိုင်ကိုလည်း Lock Down ချလိုက်ပြီလို့သိရပါတယ်။

မေလ ၃ ရက်နေ့ ည ၈ နာရီက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်တဲ့ ပိုးတွေ့လူနာ နံပါတ် ၁၅၅ ဟာ တာမွေမြို့နယ်ကအသက် ၄၈နှစ်အရွယ်အမျိုးသားတစ်ဦး ဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေစဥ် COVID-19ရောဂါပိုး တွေ့ရှိခဲ့သူ လို့ သိရပါတယ်။

ရန်ကုန်ဆေးရုံမှာဆေးကုသမှုခံယူနေစဥ်မှာပဲ လူနာကို သတင်းလာရောက်မေးမြန်းခဲ့သူ စုစုပေါင်း ၂၂ ဦးရှိတယ်လို့ သိရပြီး သူတို့ အားလုံးကိုတော့ Facility Quarantine ထားရှိဖို့ ခေါ်ဆောင်သွားကြပြီလို့လည်း တာမွေမြို့နယ် လွှတ် တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က Duwunကို ပြောပါတယ်။

“၁၆၄လမ်း လမ်းတိုမှာ နေထိုင်သူဖြစ်ပါတယ်။ဆေးရုံတက်နေတုန်းသတင်းလာမေးသူ ၂၂ယောက်စလုံးကိုတော့ Quarantine ဝင်စေဖို့ ခေါ်သွားပြီလို့သိရပါတယ်။ဒါ့အပြင် လူနာက ကျိုက္ကဆံလမ်းပေါ်မှာရှိတဲ့ဝါးဓနိဆိုင်မှာ အလုပ်လုပ် တာကြောင့် အဲ့ဒီဆိုင်က အခြားအလုပ်သမားတွေကိုလည်း နေအိမ်မှာ အသွားအလာကန့်သတ်ပြီး နေစေတယ်လို့သိရပါတယ်။”လို့ ဦးသိန်းမြင့်က ပြောပါတယ်။

အခုလူနာကတော့ တာမွေမြို့နယ်ရဲ့ ၄ဦးမြောက် လူနာဖြစ်ပြီး အခြား ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့မှုမရှိခဲ့သလို ၁၄ ရက်အတွင်း ပြည်ပခရီးသွားရာဇဝင်လည်း မရှိထားသူဖြစ်ပါတယ်။

လက်ရှိမှာတော့ ၁၆၄လမ်း လမ်းတိုမှာရှိတဲ့ လူနာရဲ့ နေအိမ်ရှိရာ ကန်ထရိုက်တိုက်ကို အသွားအလာ ကန့်သတ် လိုက်ပြီ ဖြစ်သလို လူနာအလုပ်လုပ်တဲ့ ဝါးဓနိဆိုင်ကိုလည်း အသွားအလာကန့်သတ်လိုက်ပြီလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က