အရင်က ည ၉ နာရီ‌နောက်ဆုံးထားဖွင့်ခိုင်းထားရာကနေ အခုဆိုရင် ည၇နာရီကို တိုးလိုက်တာပါ။
Kyaw Ko Ko Sint

တာမွေမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ မြို့နယ်အုပ်ချုပ်ရေးမှူးက အပြင်ထွက်ခွင့်ကဒ်ပြားစနစ်ကို လုပ် ဆောင်ထားတယ်လို့လည်း သိရပါတယ်။

တာမွေမြို့နယ်ရှိ ဆိုင်အားလုံး ည၇နာရီဆိုတာနဲ့ နောက်ဆုံးထား ပိတ်ပေးဖို့ ညွန်ကြားထားတာရှိတယ်လို့ တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းမြင့်က Duwun ကိုပြောပါတယ်။

 တာမွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးရဲ့ အစီအစဉ်နဲ့ အိမ်အပြင် သွားလာခွင့်ကဒ်ပြား တွေထုတ်ပေးထားတယ်လို့လည်းသိရပါတယ်။ တစ်အိမ်ကို အများဆုံး ၂ကဒ်နှုန်းနဲ့ အိမ်တိုင်းတော့ မပေးပဲ COVID-19 နဲ့ပတ်သက်တဲ့ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်နေသူတွေ၊မဖြစ်မနေ အပြင်သွားလိုသူတွေကိုသာ ပေးထားတယ်လို့လည်း သိရပါတယ်။

 “အိမ်တိုင်းကိုမပေးပါဘူး။မြို့နယ်မှာ အဓိက လူမှုရေးလုပ်ငန်းတွေပါဝင်ပေးနေသူ၊မဖြစ်မနေ အပြင်သွားဖို့ လိုသူ တွေကိုသာ ပေးထားတာပါ။ဒီလိုပေးတာကလည်း အိမ်တိုင်းပေးလိုက်ရင် အကုန်ထွက်ကုန်မှာစိုးတဲ့အတွက်အိမ် တိုင်းတော့ မပေးပါဘူး။တရားဝင် Lock Down မဟုတ်ပေမယ့်လည်း အခုလာမယ့် ၁၉ရက်နေ့အထိ အိမ်ပြင် မထွက်ဖို့ ညွှန်ကြားထားပါတယ်။ရက်က ထပ်တိုးရင်တောင် တိုးမယ်လို့ ကြားနေရတယ်။”လို့ ဦးသိန်းမြင့်က ပြောပါတယ်။

ဒီကနေ့မှာတော့ တာမွေမြို့နယ်အတွင်းရှိ ၂၄နာရီဖွင့်တဲ့ ဆိုင်များအပါအဝင်မည်သည့်ဆိုင်မှ ည ၇ နာရီထက် နောက်ကျပြီး ဖွင့်လို့မရတော့ဘူးလို့လည်းသိရပါတယ်။

“အရင်က ည ၉ နာရီ‌နောက်ဆုံးထားဖွင့်ခိုင်းထားရာကနေ အခုဆိုရင် ည၇နာရီကို တိုးလိုက်တာပါ။ဒါကလည်း လူစုလူဝေး မဖြစ်စေချင်တဲ့ အနေနဲ့ အခုလို လူပြတ်ချိန်မှာ ဒုစရိုက်မှုတွေ မဖြစ်ပေါ်စေရေးအတွက် လုပ်ဆောင်ရ တာလို့ သိရပါတယ်။”လို့ ဦးသိန်းမြင့်က ပြောပါတယ်။

 ဆိုင်တွေ ည ၇နာရီဆို ပိတ်ရမယ်ဆိုတဲ့ ညွှန်ကြားမှုကတော့ တာမွေမြို့နယ်မှာသာ ရှိသေးပြီး အခြားမြို့နယ်တွေ ဖြစ်တဲ့ ကြည့်မြင်တိုင်၊မရမ်းကုန်းစတဲ့ မြို့နယ်တွေမှာတော့ ညွှန်ကြားချက်မရှိသေးဘူးလို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က