၁၃၈ လမ်း မှာဖြစ်ပြီး Mask မတပ်ရင် ဒဏ်ငွေ ၃၀၀၀ ကျပ်၊ ၃၀၀၀ မပေးနိုင်ရင်တော့ ထိုင်ထ အကြိမ် ၃၀ လုပ်ခိုင်းနေတာပဲ ဖြစ်ပါတယ်။

တာမွေမြို့နယ်၊ ၁၃၈ လမ်းမှာ Mask မတပ်တဲ့သူကို ဒဏ်ငွေ ၃၀၀၀ ရိုက်ပြီးဒဏ်ငွေမပေးဆောင်နိုင်ရင် ထိုင်ထအကြိမ် ၃၀ လုပ်ခိုင်းတာတွေ ရှိနေတယ်လို့လမ်းနေထိုင်သူတွေဆီက သိရပါတယ်။ 

"ညွှန်ကြားတာတော့ ဥပဒေထဲကအတိုင်းပါပဲ အပြင်လူပေးမဝင်ဘူး တစ်အိမ်တစ်ယောက်နှုန်းထွက်ရမယ် Mask တပ်ရမယ်၊Mask မတပ်တဲ့သူတွေ့ရင်သာ ဒဏ်ငွေ ၃၀၀၀ ဆောင်ရမယ်၊မဆောင်နိုင်ရင် ထိုင်ထအခါသုံးဆယ်လုပ်ရမယ်ပေါ့"လို့ ၁၃၈ လမ်း မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။



ဒါကြောင့် ဒီနေ့မှာ လူသုံးဦးထက်မနည်း ထိုင်ထလုပ်ခိုင်းခဲ့တာမျိုးရှိတယ်လို့ သိရပါတယ်။ ထိုင်ထလုပ်ခိုင်းတဲ့ ဗီဒိယိုဖိုင်တွေလည်း လူမှုကွန်ယက်စာမျက်နှာမှာပျံ့နှံ့လာပြီး ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီးတာမွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးကတော့ "ထိုင်ထ လုပ်ခိုင်းတဲ့ဟာကို အခု ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးကိုဆင်းပြီးစုံစမ်းခိုင်းနေတယ်။ ဒီလိုလုပ်ဖို့ ညွှန်ကြားထားတာမရှိပါဘူး၊တရားဝင်လုပ်ခွင့်လည်းမရှိပါဘူး။အရေးယူဖို့ကို ညွန်ကြားချက်ခံရယူသွားမှာပါခင်ဗျ။"လို့ ဆိုပါတယ်။ 

တာမွေမြို့နယ်ထဲမှာ Mask မတပ်ပါက ထိုင်ထ လုပ်ရမယ်လို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တရားဝင် ညွှန်ကြားထားတာမရှိတာကြောင့် အဲ့ဒီလိုခိုင်းစေတဲ့သူကို ရှာဖွေစုံစမ်းနေတယ်လို့ သိရပါတယ်။ ထိုင်ထလုပ်ခိုင်းနေတဲ့ နေရာကတော့ တာမွေမြို့နယ် ၊ ၁၃၈ လမ်း မှာဖြစ်ပြီး Mask မတပ်ရင် ဒဏ်ငွေ ၃၀၀၀ ကျပ် ၊ ၃၀၀၀ မပေးနိုင်ရင်တော့ ထိုင်ထ အကြိမ် ၃၀ လုပ်ခိုင်းနေတာပဲ ဖြစ်ပါတယ်။ 

၁၃၈ လမ်းအဝင်ပေါက်မှာ ဂိတ်ပေါက်ပြုလုပ်ထားပြီး Msak မတပ်ဆင်ပါက ထိရောက်စွာအရေးယူသွားမယ်လို့ စာတွေလည်း ချိတ်ဆွဲထားပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်) 

Share

Loading Next Article...
က္က