တရားရှင်လွှတ်ပေးလိုက်တာပါ။

လက်ရှိအချိန်မှာ အမှုမှာပါဝင်ပတ်သက်တဲ့ တရားလိုပြသက်သေတွေကို စစ်ဆေးပြီးတဲ့ အခါမှာ အောင်ကြီးကမကျူးလွန်ကြောင်းထွက်ဆိုခဲ့တာတွေကြောင့် တရားသူကြီးက အခုလို တရားရှင်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။ 

နေပြည်တော်က လိင်အကြမ်းဖက်ခံရတဲ့ ဗစ်တိုးရီးယားအမှုမှာ တရားခံလို့ ယူဆထားတဲ့ ကိုအောင်ကြီးကိုတော့ ဒီနေ့ပြုလုပ်တဲ့ ရုံးချိန်းမှာ တရားရုံးက အမှုကနေ တရား ရှင်လွှတ်လိုက်ပြီဖြစ်ပါတယ်။ ဒီနေ့ ရုံးချိန်းမှာ ကျောင်းကဆရာမ နှင်းနုကိုလည်း စစ်ဆေးခဲ့ပြီး ဆရာမနှင်းနုကလည်း အောင်ကြီးက လိင်အကြမ်းဖက်မှုကိုမကျူးလွန်ခဲ့ကြောင်းလည်းထွက်ဆိုခဲ့တာဖြစ်ပါတယ်။

“ဗစ်တိုးရီးယားအမှုမှာ တရားလိုပြသက်သေ (၂၆)ကို စစ်ဆေးမှာဖြစ်ပြီး လက်ရှိမှာ (၁၉)ယောက်အထိစစ်ဆေးပြီးပြီ။ (၁၉)ယောက်ကို စစ်ဆေးတဲ့ အခါမှာလည်း အောင်ကြီးက အမှုကျူးလွန်ကြောင်း အထောက်အထားမရှိတာကြောင့် တရားသူကြီးက ဒီနေ့ပဲ အောင်ကြီးကို ရာဇဝတ်ကျင့်ထုံး ၂၅၃(၂)အရ လွှတ်ပေးလိုက်တာ” လို့ အောင်ကြီးရဲ့ရှေ့နေ ဦးခင်မောင်ဇော်က တရားရုံးချိန်းအပြီးမှာ ပြောဆိုခဲ့ပါတယ်။

အောင်ကြီးက ဒီအမှုမှာ မကျူးလွန်တဲ့ သူဖြစ်လို့ တရားရုံးက လွှတ်လိုက်ပေမယ့် ဗစ်တိုးရီးယားအပေါ် လိင်အကြမ်းဖက်မှု ကျူးလွန်တဲ့သူ ဘယ်သူလဲဆိုတာသိဖို့ ရဲတပ်ဖွဲ့မှာပဲ တာဝန်ရှိတော့တယ်လို့ အောင်ကြီးရှေ့နေ ဒေါ်စုဒါလီအောင်ကပြောပါတယ်။

“ တရားသေလွှတ်လိုက်တာလို့မဟုတ်သေးဘူး။ ဒီအမိန့်ကို မကျေနပ်လို့ချင်ရင် ဥပဒေအရာရှိတို့ ရဲတို့က တိုင်းကိုတတ်လို့ရတယ်။ သူတို့ တက်၊ မတက်တော့ ကျွန်မတို့ မသိဘူး။ တကယ်လို့ တဖက်က တိုင်းထိတက်ခဲ့ရင်လည်း ကျွန်မတို့က အောင်ကြီးဘက်က အခမဲ့လိုက်ဖို့ ဝန်မလေးဘူး။ အခုစစ်ဆေးပြီးတဲ့လူအကုန်လုံး ကလေးလေးက အစ အောင်ကြီးကို မသိဘူး၊ မမြင်ဖူးဘူးဆိုပြီး ထွက်ဆိုထားတာ။ အောင်ကြီးလွတ်သွားပေမယ့် အကုန်လုံးက ဗစ်တိုးရီးယားလို့ ခေါ်နေတဲ့ ကလေးလေးကို ပြုလုပ်ခဲ့တဲ့ တရားခံကိုတွေ့အောင်ရှာပေးကြပါ။ တရားခံတွေ့ဖို့ ရဲတပ်ဖွဲ့မှာ တာဝန်ရှိတယ်” လို့ ဒေါ်စုဒါလီအောင်ကပြောပါတယ်။

အောင်ကြီးကို အခုတရားရုံးက လွှတ်ပေးလိုက်တာက တရားရှင်လွှတ်ပေးလိုက်တာပါ။ တစ်ဖက်က အခုလိုဆုံးဖြတ်ချက်ကို မကျေနပ်လို့ ထပ်ပြီးတိုင်တန်းရင်တော့ ဒီအမှုမှာ ဆက်လက် ရင်ဆိုင်ရအုံးမှာဖြစ်ပါတယ်။ တရားရုံကလွှတ်ပေးဖို့ အမိန့်ချလိုက်ပြီဖြစ်လို့ အောင်ကြီးက အခုရုံးချိန်းအပြီးမှာပဲ လွတ်မြောက်လာတော့မှာဖြစ်ပါတယ်။



က္က