ဇူလိုင် (၁၅)ရက်နေ့ကနေစပြီး ထပ်မံတိုးမြှင့်ခဲ့တာပါ။
Ei Ei Htun

တောင်ကြီးမြို့နယ်အတွင်းမှာ ရှိတဲ့ မြို့တွေမှာ COVID ကာလအတွင်း ညမထွက်ရအမိန့်ကို နောက်ထပ်နှစ်လ ထပ်မံတိုးမြှင့်ခဲ့ပါတယ်။ 

ဇူလိုင်လ (၁၅)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ဒေသတွင်းမှာ COVID ရောဂါထိန်းချုပ်ရေးနဲ့နဲ့ ပတ်သက်လို့ စိတ်ချရအောင် အခုလိုလုပ်ဆောင်ခဲ့တာလို့သိရပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ COVID ထိန်းချုပ်ကာကွယ်ရေးအတွက် ညမထွက်ရအမိန့်ကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အစိုးရတွေက မေလ (၁၅)ရက်ကနေ စတင်ထုတ်ပြန်ခဲ့ကြတာပါ။ တောင်ကြီး မြို့နယ် အတွင်းမှာတော့ စက်တင်ဘာလအထိ ထပ်မံတိုးမြှင့်လိုက်တာဖြစ်ပါတယ်။ 

“ COVIDကအခုချိန်ထိမပြီးသေးဘူးလေ။ လက်ရှိမှာလည်းနိုင်ငံတကာမှာဖြစ်နေတုန်း။ ဆရာတို့ဆီမှာလည်း ဒုတိလလှိုင်းကိုကာကွယ်တဲ့အနေနဲ့လုပ်တာပါ။ ပြီးတော့ တောင်ကြီးမှာက တရုတ်နဲ့ ထိုင်းကအဝင်အထွက်တွေလည်းရှိတယ်။ အခုဆို ခိုးဝင်တွေတောင်ရှိနေတယ်ဆိုတော့ စိတ်ချရအောင်လုပ်လိုက်တာပါ”လို့ တောင်ကြီးမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာချစ်ရီက Duwun ကိုပြောပါတယ်။

ညမထွက်ရ အမိန့်ကိုတော့ ည(၁၂)နာရီကနေ နောက်နေ့မနက် (၄)နာရာထိသတ်မှတ်ထားတာပါ။  တောင်ကြီးမြို့နယ်အတွင်းမှာ ညမထွက်ရ အမိန့်ကို သက်တမ်းထပ်တိုးလိုက်တာက လိုအပ်ချက်မရဖြစ်ပြီး ယခင်သက်တမ်းအတွင်း စည်းကမ်းဖောက်ဖျက်သူ ၆၀ ကျော်ကိုလည်း အရေးယူမှုတွေလုပ်ဆောင်ခဲ့တယ်လို့ ဒေါက်တာချစ်ရီကပြောပါတယ်။ 

တောင်ကြီးမှာတော့ COVID ကာလအတွင်း တရုတ်ကပြန်လာတဲ့သူတစ်ဦးမှာသာရောဂါပိုးတွေ့ရှိခဲ့ကာ ဒေသတွင်းကူးစက်မှု တစ်ဦးမှမရှိခဲ့ဘူးလို့လည်းသိရပါတယ်။ တရုတ်ကပြန်လာတဲ့ လူနာကလည်း လက်ရှိမှာ ရောဂါပျောက်ကင်းသွားလို့ ဆေးရုံကဆင်းသွားပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က