မြန်မာနိုင်ငံရဲ့မြို့ကြီး(၆)မြို့မှာ ဓာတ်ခွဲစစ်ဆေးနိုင်တော့မှာလည်းဖြစ်ပါတယ်။
Ei Ei Htun

COVID 19 ရောဂါပိုးရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးနိုင်တဲ့ စက်တွေကို တောင်ကြီးမှာတပ်ဆင်နေပြီး ဇွန်လကုန်လောက်မှာ အသုံးပြုနိုင်တော့ဖြစ်ပါတယ်။



တောင်ကြီးမှာ တပ်ဆင်ပြီးသွားရင်တော့ လားရှိုးမှာလည်းစက်တွေတပ်ဆင်သွားမှာဖြစ်လို့ ဇွန်လနောက်ပိုင်းကစပြီး တောင်ကြီးနဲ့ လားရှိုးမှာ COVID - 19 ရောဂါပိုးကို စစ်ဆေးနိုင်တော့မှာ ဖြစ်ပါတယ်။

“ တောင်ကြီးမှာတော့ အခုစက်တွေကတပ်ဆင်နေပြီ။ ကျွန်တော်တို့ခန့်မှန်းထားတာက ဒီလကုန်လောက်မှာစတင်အသုံးပြုလို့ ရမယ်ထင်တယ်။ ဒါပေမယ့် တပ်ဆင်တာ စောပြီးရင်လည်း ဒီထက်စောပြီး စစ်ဆေးနိုင်ပါတယ်။ဒါကတော့ သေချာပြောလို့မရပါဘူး။ တောင်ကြီးမှာပြီးရင်တော့ တဆက်တည်း လားရှိုးမှာ လုပ်ဖို့လျာထားတယ်။ နောက်ပိုင်းတွေမှာလည်း သက်ဆိုင်ရာ မြို့နယ်တွေအလိုက် လုပ်ဆောင်သွားမှာပါ” လို့ ကျန်းမာရေးအသိပညာမြှင့်တင်ရေး ဌာနခွဲမှာ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက Duwun ကိုပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ COVID -19 ရောဂါပိုးစစ်ဆေးနိုင်တဲ့ ဓာတ်ခွဲစက်တွေ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ မော်လမြိုင်တို့မှာ တပ်ဆင်ထားပြီး စစ်ဆေးပေးလျှက်ရှိပါတယ်။ 

တောင်ကြီးနဲ့ လားရှိုးမှာသာ စက်တွေတပ်ဆင်ပြီးသွားရင်တော့ COVID -19 ရောဂါပိုးကို တိုင်းနဲ့ပြည်နယ်ရှိ မြို့နယ် (၆)မြို့နယ်မှာ စစ်ဆေးနိုင်တော့မှာ ဖြစ်ပါတယ်။

လတ်တလော တပ်ဆင်ထားတဲ့စက်တွေကနေပြီး တစ်နေ့ကို COVID -19 ရောဂါပိုး ရှိ၊မရှိကို အများဆုံး လူဦးရေ (၁၀၀၀)ကျော်အထိ စစ်ဆေးပေးနိုင်လျှက်ရှိပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဇွန်လ(၁၃)ရက်နေ့ မနက်ပိုင်းထုတ်ပြန်ချက်အထိ မြန်မာနိုင်ငံမှာ COVID -19 အတည်ပြုလူနာ (၂၆၁)ဦးရှိပြီး ပြန်လည်ကောင်းမွန်လာသူ (၁၆၅)ဦးနဲ့ သေဆုံးသူ (၆)ဦးရှိပါတယ်။



ဆက်စပ်အကြောင်းအရာများ


က္က