ကနဦး ဝန်ထမ်းမိန်းကလေး လူနာအမှတ် (၈၂၃) နဲ့ ထိတွေ့ထားသူတွေပါ။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက် (၈)နာရီထုတ်ပြန်ချက်မှာတော့ တောင်ဥက္ကလာပမြို့နယ်က ပိုးတွေ့လူနာအများဆုံးအဖြစ် (၁၂)ဦးထိ ပါဝင်ခဲ့ပါတယ်။

 ပိုးတွေ့လူနာ (၁၂)ဦးမှာ (၉)ဦးက တောင်ဥက္ကလာပမြို့နယ် ရတနာလမ်းမကြီးမှာ ဖွင့်လှစ်ထားတဲ့ အိုမီဂါအလှပြင်ဆိုင်က ဝန်ထမ်းတွေဖြစ်တယ်လို့ သိရပါတယ်။ ဩဂုတ်လ (၃၁)ရက်နေ့ ည(၈)နာရီထုတ်ပြန်ချက်မှာ ပါရှိခဲ့တဲ့ လူနာအမှတ် (၈၂၃)က အိုမီဂါအလှပြင်ဆိုင်က ဝန်ထမ်းဖြစ်ပြီး သူ့မှာရောဂါပိုးတွေ့ပြီးနောက် ဆိုင်ကဝန်ထမ်းအားလုံးကို ဆိုင်အတွင်းမှာပဲ အသွားအလာ ကန့်သတ်ထားခဲ့တာဖြစ်ပါတယ်။



“ ဒီနေ့ ပိုးတွေ့ (၁၂)ဦးမှာ (၉)ဦးက lock down လုပ်ထားတဲ့ အိုမီဂါအလှပြိုင်ဆိုင်က ဝန်ထမ်းတွေပါ။ ကနဦး ဝန်ထမ်းတစ်ဦးမှာပိုးတွေ့တယ်လေ ။အဲဒီကတည်းက ဝန်ထမ်းအားလုံးကို ဆိုင်ထဲမှာအဲ အသွားအလာကန့်သတ်ထားပြီး ရောဂါပိုးရှိ ၊မရှိ စစ်တော့ ခု (၉)ယောက်မှာတွေ့တာပါ”လို့ တောင်ဥက္ကလာ (၈)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်က Duwunကိုပြောပါတယ်။

ဒီကနေ့ မနက် တောင်ဥက္ကလာက ပိုးတွေ့လူနာ (၁၂)ဦးမှာတော့ အလှပြင်ဆိုင်က ဝန်ထမ်း (၉)ဦး၊ ဘားမှာအလုပ်လုပ်တဲ့ ဝန်ထမ်းနှစ်ဦးနဲ့ တောင်ဥက္ကလာ ၁၄/၁ရပ်ကွက် (၁)ဦးဖြစ်တယ်လို့ သိရပါတယ်။ အလှပြင်ဆိုင်ကိုတော့ lock down လုပ်ပြီးသားဖြစ်ပြီး ကျန် လူနာ(၃)ဦးနေထိုင်ရာနေရာတွေနဲ့ ထိတွေ့ထားသူတွေကိုတော့ စုံစမ်းစစ်ဆေးလျှက်ရှိပြီး သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက ဆက်လက်ဆောင်ရွက်ပါလိမ့်လို့ ဦးမြင့်ကျော်က ပြောပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနရဲ့ ဒီမနက် ထပ်တိုးလူနာ (၄၅)ဦးမှာ ရန်ကုန်က (၃၈)ဦးပါဝင်ခဲ့ပြီး တောင်ဥက္ကပမြို့နယ်က ပိုးတွေ့လူနာအများဆုံး (၁၂)ဦးထိပါဝင်ခဲ့တာဖြစ်ပါတယ်။


Share

Loading Next Article...
က္က