ဇီဇဝါအိမ်ယာအတွင်းမှာ ဒီနေ့ အတည်ပြုလူနာ ၃ ဦးထပ်မံတွေ့ရှိခဲ့ပါတယ်။
Thin Nu Swe

"တောင်ဥက္ကလာအတွင်း (၄) ရပ်ကွက်မှာ နှစ်ယောက် ၊ အခုထွက်တာက ၃ ယောက်ဆိုတော့ တောင်ဥက္ကလာမှာ ၅ ယောက်တော့ရှိသွားပြီ။ (၄) ရပ်ကွက် ၁၁ လမ်းက ရောဂါပိုးတွေ့ရှိသူ လူနာနေထိုင်ရာ အိမ်ကို Lock Down ချထားပါတယ်။ တောင်ဥက္ကလာမှာတော့ လောလောဆယ် အဲဒီ နှစ်နေရာမှာပဲ Lock Down လုပ်ထားတာပါ။ တခြားနေရာမှာ Lock Down လုပ်ထားတာ မရှိပါဘူး" လို့ တောင်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်က Duwun ကို ပြောပါတယ်။

ဒီနေ့ ဧပြီလ ၁၈ ရက်နေ့ မနက် ၈ နာရီအချိန်မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်အရ ထပ်တိုးလူနာ ၆ ဦး ရှိနေပြီး ၃ ဦးဟာဆိုရင်တော့ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ် ဇီဇဝါဥယျာဥ်အိမ်ယာမှာ နေထိုင်ကြတဲ့သူတွေလို့ သိရပါတယ်။ အသက် ၅၀ အရွယ် အမျိုးသား လူနာနံပါတ် ၈၉ ၊ အသက် ၅၇ နှစ်အရွယ် အမျိုးသမီး လူနာနံပါတ် ၉၀ နဲ့ အသက် ၆၀ အရွယ် အမျိုးသား လူနာနံပါတ် ၉၁ တို့ဟာ တစ်အိမ်တည်းအတူနေသူတွေ ဖြစ်ကြပါတယ်။ နောက်ထပ်လူနာ၂ ဦးကတော့ တောင်ဥက္ကလာပမြို့နယ်အတွင်းနေထိုင်ခဲ့သူ လူနာနံပါတ် ၂၁ နဲ့ ၂၂ သားအမိနှစ်ဦးပဲဖြစ်ပါတယ်။


ဓာတ်ပုံ-Pyae Min Soe

"ကျွန်မတို့ ဇီဇဝါအိမ်ယာကို Lock Down လုပ်ထားပါတယ်ရှင်၊ အဲဒီကနေ ဒီနေ့ ၃ ယောက် ထပ်တွေ့တယ်လို့ ပြောပါတယ်။ ဒီကနေ့ မနက်တွေ့ရတဲ့ လူနာ သုံးယောက်က တော့ တစ်အိမ်တည်း အတူနေကြတာပါ၊ အမှတ် (၂၄) က Zezawa Garden အိမ်ယာမှာပါ။" လို့ တောင်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်က Duwun ကို ပြောပါတယ်။

အဆိုပါ အတည်ပြုလူနာ သုံးဦးကတော့ လက်ရှိမှာ မြောက်ဥက္ကလာပ အထွေထွေရောဂါကု နှင့် သင်ကြားရေးဆေးရုံကြီး မှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- Pyae Min Soe

ဇီဇဝါအိမ်ယာကိုတော့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး အပါအဝင် မြို့နယ် ရဲတပ်ဖွဲ့မှူး ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ရောဂါပိုးတွေ့ရှိသူ ခရစ်ယာန်သင်းအုပ်ဆရာ ဦးစောဒေးဗစ်လား နေထိုင်ကြောင်း သိရှိရတဲ့အတွက် ဧပြီလ ၁၂ ရက်နေ့ ညနေ ၄ နာရီအချိLock Down ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်း ဒီနေ့ ဧပြီလ ၁၈ ရက်နေ့အထိ ရောဂါပိုးတွေ့ရှိလူနာ ၉၄ ဦးရှိနေပြီဖြစ်ပြီး သေဆုံးသူ ၅ ဦးရှိနေပြီဖြစ်ကာ ပြန်လည်ကောင်းမွန်သူ ၅ ဦးရှိနေတယ်လို့

သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က