CCTV မှတ်တမ်းအရ တရားခံက ဆိုက်ကားနဲ့လာရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တောင်ဥက္ကလာပမြို့နယ်၊ ပန်းတိမ်လင်မယားနှစ်ဦးအသတ်ခံရမှု ပြစ်မှုကျူးလွန်သူကို CCTVမှတ်တမ်းဖြင့်ရှာဖွေ ဖမ်းဆီးဖို့ လုပ်နေတယ်လို့ ၇ ရပ်ကွက် အုပ်ချုပ်ရေးမှုးဦးလှမြင့်က သြဂုတ်လ ၁ ရက်နေ့မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ ညပိုင်းက တောင်ဥက္ကလာပမြို့နယ်၊အမှတ် ၇ရပ်ကွက် ၆ လမ်းရှိ ကန်ထရိုက်တိုက် ၅ လွှာမှာ နေထိုင်တဲ့ ပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူ လင်မယားနှစ်ဦး အသတ်ခံခဲ့ရပါတယ်။ အဲ့ဒီ အသတ်ခံရမှုအတွက် ပြစ်မှုကျူးလွန်သူကို CCTVမှတ်တမ်းကြည့်ပြီး ရှာဖွေ ဖမ်းဆီဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။



"အဲဒီလင်မယား အသတ်ခံရတာကို ဦးဘတိုးဆိုသူက လာအကြောင်းကြားတယ်။ ကျနော်လည်း နယ်ထိန်းကို ဖုန်းဆက်ပြီး သွားကြည့်တယ် တရားခံကို ရှာနေဆဲပါပဲ" လို့ အုပ်ချုပ်ရေးမှုးက ပြောပါတယ်။

အသတ်ခံခဲ့ရတဲ့ လင်မယားနှစ်ဦးမှာ ကိုထွန်းနိူင်နဲ့ မလှလှတို့ဖြစ်ပြီး အသတ်မခံရမီအချိန်မှာ နေအိမ်ကို ပြစ်မှုကျူးလွန်သူက ဆိုက်ကားဖြင့်လာရောက်ခဲ့တာကို CCTV အရ သိရှိရတဲ့အတွက် သွားခဲ့တဲ့လမ်းကြောင်းတွေအရ မကြာခင်မှာ ဖမ်းမိနိုင်ဖို့များတယ်လို့ ဆိုပါတယ်။

တောင်ဥက္ကလာပမြို့မရဲစခန်းမှ တာဝန်ရှိအရာရှိတစ်ဦးကတော့ ပန်းတိမ်လုပ်တဲ့ လင်မယားနှစ်ဦး အသတ်ခံရတဲ့ကိစ္စဟာ တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်လိုက်ခြင်းဖြစ်တာကြောင့် ပြစ်မှုကျူးလွန်သူကို အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ကြိုးစားသွားမယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူကို ပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားပြီး အမှုကို စစ်ဆေးဆောင်ရွက်နေတယ်လို့ တောင်ဥက္ကလာပမြို့မရဲစခန်းကနေ သိရပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က