မသိဘူးလျှောက်မယ်

နိုင်ငံခြားသားခရီးသွားတွေရော၊ ပြည်တွင်းခရီးသွားသူတွေပါ မြန်မာနိုင်ငံရဲ့သမိုင်းဝင်နေရာတွေကို လေ့လာလည်ပတ်ဖို့ ခရီးသွားတဲ့အခါ ပုဂံ၊မန္တလေး၊ အင်းလေး စတဲ့ဒေသတွေကိုသာ လည်ပတ်ဖို့အများဆုံးစိတ်ကူးရတတ်ကြပြီး ရန်ကုန်မြို့လို့ ဆိုလိုက်ရင် ရွှေတိဂုံဘုရားကိုသာ သတိရလေ့ရှိကြပါတယ်။



တကယ်တော့ ရန်ကုန်မြို့မှာလည်း သမိုင်းဝင်အဆောက်အဦတွေနဲ့အထင်ကရနေရာတွေရှိနေပြီး ဒီလိုနေရာတွေကို ကမ္ဘာလှည့်ခရီးသွားတွေရော၊ ပြည်တွင်းခရီးသွားတွေပါပိုမိုသတိပြုလည်ပတ်လာကြစေဖို့နဲ့ လမ်းလျှောက်ခြင်းကရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကိုရရှိဖို့ ရည်ရွယ်ကာ The Yangon Steps 2019 လို့အမည်ရတဲ့ လမ်းလျှောက်ပွဲတော်ကြီး ကို ကျင်းပသွားဖို့ရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့လူကြိုက်အများဆုံးအွန်လိုင်းမီဒီယာ Duwun က Media Partner အဖြစ်ပူးပေါင်းပါဝင်ထားတဲ့ The Yangon Steps 2019 လမ်းလျှောက်ပွဲတော်ကြီးကို လာမယ့်စနေနေ့၊ ဇန်နဝါရီလ၊ ၂၆ ရက်၊၂၀၁၉ ခုနှစ် မနက် ၅ နာရီမှာ မဟာဗန္ဓုလပန်းခြံမှာပြုလုပ်မှာပါ။

လမ်းလျှောက်ပွဲတော်မှာပါဝင်ဆင်နွှဲသူတွေဟာ မဟာဗန္ဓုလပန်းခြံမှ စတင်ကာ ဆူးလေဘုရားလမ်း - ဘဏ်လမ်း - ပန်းဆိုးတန်းလမ်း- ကုန်သည်လမ်း - ဆိပ်ကမ်းသာလမ်း - ကမ်းနားလမ်း - ဗိုလ်အောင်ကျော်လမ်း - ဘိုကလေးဈေးလမ်း - မဟာဗန္ဓုလမ်း - သိမ်ဖြူလမ်း - ဗိုလ်ချုပ်လမ်း - ဗိုလ်အောင်ကျော်လမ်း - မဟာဗန္ဓုလမ်းအတိုင်းလျှောက်ကာ မဟာဗန္ဓုလမ်းပန်းခြံကိုပြန်လည်ရောက်ရှိသည်အထိ လမ်းအတူလျှောက်ကြရမှာပါ။

ဒီခရီးလမ်းတစ်လျှောက်မှာ မဟာဗန္ဓုလပန်းခြံအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်၊ ရန်ကုန်တိုင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်၊ လောကနတ်အဆောက်အဦ၊ ပြည်တွင်းခွန်ဌာနအဆောက်အဦ၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးရုံး၊ ရန်ကုန်စာတိုက်ကြီး၊ ဗြိတိသျှသံရုံး၊ ကမ်းနားဟိုတယ်၊ အတွင်းဝန်များရုံး၊ စိန့်မေရီဘုရားကျောင်း စတဲ့ ကိုလိုနီခေတ်သမိုင်းဝင်အဆောက်အဦတွေကိုလေ့လာကြရမှာဖြစ်ပါတယ်။ ဒီလမ်းလျှောက်ခရီးစဉ်ဟာ အကွာအဝေး ၄.၃ ကီလိုမီတာရှိပြီး ခန့်မှန်းခြေ ၁ နာရီခန့်ကြာမြင့်မှာပါ။

လမ်းလျှောက်ပွဲတော်ကြီးမှာပါဝင်ဆင်နွှဲသူတွေကို တီရှပ်၊ ဆုတံဆိပ်၊ အလူမီနီယံရေဗူး နဲ့အခြားလက်ဆောင်ပစ္စည်းတွေ ပေးအပ်သွားဦးမှာပါ။ The Yangon Steps 2019 လမ်းလျှောက်ပွဲတော်ကြီးမှာပါဝင်ဆင်နွှဲမယ့်သူအရေအတွက်ကို လူဦးရေ ၃၀၀၀ သတ်မှတ်ထားပြီး ပါဝင်ဆင်နွှဲဖို့စိတ်ပါဝင်စားသူတွေအနေနဲ့ ဒီလင့်ခ် =>


https://www.eventnook.com/event/theyangonsteps2019/home?fbclid=IwAR0ullv3z0tllSLkkl19uh6ziDk15aRiRdnvMDA1XKypv3nz6-TpHgGnnMU


ကနေတဆင့်ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်။

ယခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ်ကျင်းပတဲ့ The Yangon Steps 2019 လမ်းလျှောက်ပွဲတော်ကြီးကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရဲ့ကမကထပြုမှုနဲ့ မြန်မာနိုင်ငံကခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်းက ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နဲ့ Yangon Heritage Trust တို့ရဲ့ပူးပေါင်းပါဝင်မှုနဲ့ အတူ ကျင်းပတာပဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က