Hmue Eain Zaw

ရန်ကုန်မြို့ရဲ့ အချက်အချာ ဓမ္မစေတီလမ်းနဲ့ လင့်ခ်လမ်းထောင့်မှာ တည်ရှိတဲ့ Times Link Training Center မှာ Restaurant တွေ Bank တွေ အပြင် အဆင့်မြင့် သင်တန်းကျောင်းတွေလည်း ရှိပါတယ်။

ဒီ Times Link Training Center ဘယ်လိုသင်တန်းတွေ ရှိတာလဲ ဆိုတာကို Duwun က ပြောပြပေးပါ့မယ်။

(၁) Business Management အပိုင်းကို အသက်မွေးဝမ်းကြောင်း အဖြစ် လုပ်ကိုင်လိုသူတွေ တက်ရောက်နိုင်မယ့် UK အသိအမှတ်ပြု International Business Management Institute ဖြစ်တဲ့ Benchmark Management College International (BMIC) ရှိပါတယ်။

(၂) ဂျပန်နိုင်ငံကနေ လာရောက်ဖွင့်လှစ်ထားပြီး အသက် (၆) လအရွယ်မှ အသက် (၆) နှစ်အရွယ် ကလေးငယ်တွေ တက်ရောက်နိုင်မယ့် Shichida (Whole Brain Development School) လည်း ဖွင့်လှစ်ထားပါတယ်။နိုင်ငံအနှံအပြားမှာ ကျောင်းပေါင်း (၄၆၀)ကျော် ဖွင့်လှစ်ထားရှိပြီး ကလေးငယ်တွေကို ငယ်စဉ်ထဲက ဘက်စုံတိုးတက်စေမယ့် နည်းလမ်းကောင်းတွေနဲ့ သင်ကြားပေးနေပါတယ်။

(၃) အခုပြောပြမယ့် သင်တန်းလေးကတော့ ထူးခြားပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ လသားအရွယ်ကလေးငယ်တွေရဲ့ ကျန်းမာကြံ့ခိုင်မှုအတွက် Newborn Baby Care Workshop, Infant Care Workshop တွေကို သင်ကြားပို့ချပေးမယ့် Baby Steps Myanmar လည်း Times Link Training Center မှာ ဖွင့်လှစ်ထားပါတယ်။

(၄) နောက်ထပ်ဖွင့်လှစ်ထားတဲ့ သင်တန်းတစ်ခုကတော့ ဂျပန်ဘာသာစကားသင်တန်း အပြင် IT Course တွေပါ တက်ရောက်နိုင်မယ့် Japan Innovation Academy Yangon (JIA) (IT and Japan Language Center) ဖြစ်ပါတယ်။

(၅) အဆင့်မြင့် ဂျပန်ဘာသာစကားလေ့လာလိုသူတွေ အတွက် သင်တန်းသားဦးရေနည်းနည်းနဲ့ ထိထိရောက်ရောက်သင်ကြားပေးနေတဲ့ Kyoshin Language Academy လည်း ရှိပါတယ်။


(၆) ကလေးငယ်တွေ တီထွင်ဖန်တီးမှု စွမ်းရည်တိုးတက်စေဖို့ ကလေးငယ်တွေ သိသင့်သိထိုက်တဲ့ Science (သိပ္ပံ), Technology (နည်းပညာ), Engineering (အင်ဂျင်နီယာ) နဲ့ Maths (သင်္ချာ) ဘာသာရပ်ကို အခြေခံမှစကာ သင်ကြားပေးနေတဲ့ Spotlight Innovation Hub လည်း ဖွင့်လှစ်ထားပါတယ်။

အထက်ဖော်ပြပါ သင်တန်းတွေကတော့ Times Link Training Center မှာ ဖွင့်လှစ်ထားတဲ့ သင်တန်းတွေပဲဖြစ်ပါတယ်။ သင်တန်းတွေနဲ့ ပတ်သတ်ပြီး အသေးစိတ်သိလိုတယ်ဆိုရင်တော့ ၀၁၅၁၅၆၁၁ ဆက်သွယ်စုံစမ်းနိုင်သလို “Times Link Yangon” Facebook page https://www.facebook.com/TimesLinkYangon/ မှာလည်း စုံစမ်းနိုင်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က