ဆေးရုံက သီးသန့်ဆောင်မှာ နောက်ထပ် ၁၄ရက်ကြာ သီးသန့် နေထိုင်ရအုံးမှာပါ။

ကလေးငယ်ရဲ့ ရွာက ဝေးတဲ့အတွက် ရွာကို မပြန်စေပဲ ဆေးရုံ သီးသန့်ဆောင်မှာ သီးသန့် ၁၄ ရက် ထပ်မံ နေထိုင်စေမယ်လို့သိရပါတယ်။

အိန္ဒိယနိုင်ငံက ပြန်လာတဲ့ အသက် ၆နှစ်အရွယ် ကလေးငယ်မှာ ရောဂါပိုး ၂ကြိမ်ဆက်တိုက် မတွေ့တော့တာကြောင့် ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီလို့ တီးတိန်ပြည်သူ့ဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်မကြီး ဒေါက်တာ လင်းရတနာထက်က Duwunကိုပြောပါတယ်။



“Negative ၂ကြိမ်ထွက်တဲ့အတွက် ဆေးရုံဆင်းခွင့်ပြုလိုက်တာပါ။ဒါပေမယ့် Facilities Quarantine ၂ပတ် ဆက် လက် နေထိုင်စေမှာပါ။ကွာရန်တင်းဝင်ဖို့ကလည်း ကလေးရဲ့ ရွာက ဝေးတဲ့အတွက်ကြောင့် ဆေးရုံက သီးသန့် အ ဆောင် တစ်ခုမှာပဲ ဆက်လက် နေထိုင်စေမှာပါ။သူ့ကို စောင့်ရှောက်ဖို့အတွက် ရောဂါပိုး စစ်ဆေးပြီး မတွေ့ရှိတဲ့ အ‌ဒေါ် တော်စပ်သူကို ခေါ်ပေးထားပါတယ်။”လို့ ဒေါက်တာ လင်းရတနာထက်က ပြောပါတယ်။

ကလေးရဲ့ မိခင်ဖြစ်သူကလည်း ရောဂါပိုး တွေ့ရှိထားတာကြောင့် ဆေးကုသစဉ် ကာလအတွင်းမှာ အတူတူ ဆေးကုသပေးနိုင်ခဲ့ပေမယ့် အခုအခါ ကလေးငယ်မှာ ရောဂါ ပြန်ပျောက်သွားတဲ့အတွက် မိခင်နဲ့ခွဲထုတ်ကာ သီးသန့် နေစေမှာလည်း ဖြစ်ပါတယ်။

ကလေးမှာ ရောဂါပိုးတွေ့ရှိကြောင်းကို ဇူလိုင်လ ၇ရက်နေ့မှာ ထုတ်ပြန်ကြေညာပေးခဲ့တာ ဖြစ်ပြီး ပထမအကြိမ် Negative ထွက်ရှိတဲ့ရက်ကတော့ ဇူလိုင်လ ၁၈နေ့ဖြစ်ကာ နောက်ထပ် ၆ရက်အကြာမှာ ထပ်မံ စစ်ဆေးကာ ဇူလိုင်၂၄မှာတော့ ဒုတိယ အကြိမ် ရောဂါပိုး မတွေ့ရှိတဲ့ အဖြေ ထွက်ပေါ်လာခဲ့တာပါ။

တီးတိန်ပြည်သူ့ဆေးရုံကြီးမှာတော့ ကိုဗစ် စုစုပေါင်း လူနာ ၁၁ယောက်ရှိခဲ့ပြီး ၈ဦး ပြန်ပျောက်သွားကာ လက်ရှိ ဆေးရုံမှာ ကုသဆဲ လူနာတွေကတော့ ကလေးငယ်ရဲ့ မိခင်ဖြစ်သူနဲ့ ဇူလိုင်လ ၂၄ရက်နေ့ညက ထုတ်ပြန် ကြေညာတဲ့ တွန်းဇံမြို့နယ်မှာအသွား အလာ ကန့်သတ်ထားတဲ့ အိန္ဒိယပြန် ၂ဦးလာရောက်မှာဖြစ်လို့ ၃ဦး ရှိလာမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က