နောက်(၃)ရက်အကြာမှာ ထပ်မံဆေးစစ်သွားဦးမှာပါ။
Ei Ei Htun

မြန်မာနိုင်ငံမှာ ပထမဆုံး COVID 19 ရောဂါပိုးတွေ့ရှိခံစားခဲ့ရတဲ့ ချင်းပြည်နယ် တီးတိန်မြို့က လူနံပါတ်(၁)ကို (၆)ကြိမ်မြောက် ဆေးစစ်ဆေးရာမှာ ရောဂါပိုးမတွေ့ရှိတော့ဘဲ negative ပြနေတယ်လို့ သိရပါတယ်။ 

ဧပြီလ(၁၇)ရက်နေ့က (၅)ကြိမ်မြောက် ဆေးစစ်ခဲ့မှုလုပ်ခဲ့တဲ့ အထိ positive ပြနေခဲ့ပြီး မနေ့က ထပ်မံစစ်ဆေးပြီး ထွက်လာတဲ့အဖြေက negative ဖြစ်သွားပြီလို့ ချင်းပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး ဦးပူလောင်လွန်းမင့်ထန်က Duwun ကိုပြောပါတယ်။

“ မနေ့ကညက ထပ်စစ်တဲ့ထုတ်ပြန်ချက်အရ ရောဂါပိုးမတွေ့တော့ပါဘူး။ သူကတော့ ချင်းပြည်နယ်က လူနာ(၅)ဦးထဲမှာ ပထမဆုံး negative ပြတဲ့သူပါ။ သူအပါအဝင် တခြားလူနာတွေလည်း ကျန်းမာရေးကောင်းတယ်။ လူနာနံပါတ်(၁)က စဖြစ်ခဲ့ကတည်း ရောဂါလက္ခဏာခံစားရတွေသိပ်မရှိဘူး။ အခု ပထမအကြိမ် negative ပြပြီဆိုတော့ ဆေးစစ်တာက မကြာမကြာစစ်ပေးရမှာဖြစ်လို့ နောက်(၃) (၄)ရက်နေ့နေရင် တစ်ခါ တပ်စစ်ပါမယ်" လို့ ဦးပူလောင်လွန်းမင့်ထန်ကပြောပါတယ်။ 

လူနာနံပါတ်(၁)က အမေရိကန်ကနေပြန်လာသူဖြစ်ပြီး မတ်လ(၂၃)ရက်နေ့မှာ ရောဂါပိုးစတင်တွေ့ရှိခဲ့ပြီး တစ်လအကြာမှာ ရောဂါပိုးမတွေ့ရှိတော့တာဖြစ်ပါတယ်။ သူကနေတစ်ဆင့် သူ့ရဲ့မိခင်ကိုပါကူးစက်ထားပြီး တီးတိန်ကိုပြန်လာစဉ်က လမ်းမှာ တည်းခိုခဲ့တဲ့ နေအိမ်က အိမ်ရှင်အမျိုးသမီးကိုပါ ရောဂါပိုးကူးစက်ခံထားရတာဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ COVID 19 အတည်ပြုလူနာ (၁၃၉)ဦးမှာ ချင်းပြည်နယ်က (၅)ဦးပါဝင်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က