တိုင်းနှင့်ပြည်နယ် (၁၃) နေရာမှာ ပြတ်တောက်မှာလည်းဖြစ်ပါတယ်။
Ei Ei Htun

ယာယီဖုန်းလိုင်းပြတ်တောက်မည့်တိုင်းနဲ့ပြည်နယ်တွေမှာ ဖုန်းလိုင်းများပြန်လည်အသုံးပြုလို့ရနိုင်မည့်အချိန်ကိုလည်း သတင်းစာမှာထည့်သွင်းကြေညာပေးသွားမှာ ဖြစ်တယ်လို့ MPT မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။




ဇွန်လ(၂၇)ရက်နေ့ ည(၈)နာရီကစပြီး ဇွန်လ(၂၈)နံနက် (၁၀)နာရီအထိ တိုင်းဒေသကြီး၊ပြည်နယ်တချို့မှာ MPT ဖုန်းလိုင်းများ ယာယီအသုံးပြုနိုင်မှာ မဟုတ်ကြောင်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT က ဇွန်လ(၂၄)ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

မိုဘိုင်းဖုန်းအသုံးပြုသူတွေအနေနဲ့ အရည်အသွေးပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် တိုးကြောင်ကလေးဂြိုလ်တု မြေပြင်စခန်းရှိစက်ပစ္စည်းများကို အဆင့်မြှင့်တင်နိုင်ရန်အတွက် ဖုန်းလိုင်းများကို ယာယီဖြတ်တောက်ရခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

“ရန်ကုန်မြို့တော့မပါဘူး။ တခြားတိုင်းနှင့်ပြည်နယ်တချို့မှာ ဖြတ်တောက်မှာပါ။ ဖုန်းလိုင်းအဆင့်မြှင့်တင်ခြင်းတွေဆောင်ရွက်မှာဖြစ်လို့ ကြေညာချက်ထုတ်ထားတဲ့အတိုင်း ဇွန်လ (၂၇)ရက်နေ့ညကစပြီး ပြတ်မှာ၊ အခုလိုဖုန်းလိုင်းတွေပြတ်မယ့်အကြောင်းကိုလည်း ကြေးမုံသတင်းစာကနေတဆင့်ကြေညာထားတယ်။ ပြန်အသုံးပြုလို့ရမယ့်ရက်ကိုလည်း သတင်းစာကနေကြေညာသွားမှာပါ” လို့ ဇွန်လ(၂၄)ရက်နေ့က MPTမှတာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

(MPT)ဖုန်းလိုင်းများအဆင့်မြှင့်တင်ခြင်းကြောင့် ယာယီဖုန်းလိုင်းပြတ်တောက်မည့် တိုင်းနှင့် ပြည်နယ်တွေကတော့ ကချင်၊ ကယား၊ မွန်၊ ချင်း၊ ရခိုင်၊ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ မြောက်ပိုင်း ဒေသတွေပဲဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က