ပညာရေးတက္ကသိုလ်ကျောင်းသူ၂ဦးက မျက်မြင်ကြုံတွေ့ခဲ့ပါတယ်။

ကမာရွတ်တက္ကသိုလ်နယ်မြေ သထုံလမ်းအတွင်း ပညာရေးတက္ကသိုလ် ကျောင်းသူဆောင်များရှေ့မှာ အမျိုးသမီးကျောင်းသူတွေကို မဖွယ်မရာပြုလုပ်မှုတွေရှိနေတယ်လို့ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂကနေ သိရပါတယ်။


Photo- Wikipedia



ဇန်နဝါရီလ ၁၈ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲအချိန်လောက်မှာ ကမာရွတ်တက္ကသိုလ်နယ်မြေအတွင်း သထုံလမ်းဘေးမှာ ရပ်ထားတဲ့ ကားတစ်စီးပေါ်မှာရှိနေတဲ့ အမျိုးသားတစ်ဦးဟာ လမ်းသွားလမ်းလာ အမျိုးသမီးတွေကို ကာယိအိနြေ္ဒပျက်ပြားအောင် မဖွယ်မရာလုပ်ပြနေတာကို ပညာရေးတက္ကသိုလ်မှ ကျောင်းသူ ၂ ဦးက မျက်မြင်ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိတော့ အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကမာရွတ်ရဲစခန်းကို သက်သေနဲ့တကွတိုင်တန်းခဲ့ပြီး အမြန်ဆုံးစုံစမ်းမှုတွေလည်းပြုလုပ်နေပါတယ်။ အခုလိုဖြစ်စဉ်မျိုးဟာ ရန်ကုန်ပညာရေးတက္ကသိုလ်မှာ တက်ရောက်ပြီး ပြည်၊ ပုဂံ၊ တကောင်း၊ သံလွင်အဆောင်တွေမှာနေထိုင်တဲ့ ကျောင်းသူတွေ တွေ့ကြုံနေရတယ်လု့ိ ဆိုပါတယ်။

ကမာရွတ်တက္ကသိုလ်နယ်မြေသထုံလမ်းအတွင်း ရန်ကုန်အဝေးသင်တက္ကသိုလ်ရှေ့ကနေ ပညာရေးတက္ကသိုလ်အမျိုးသမီးဆောင်ရှေ့အထိ အပြင်ယာဉ်များရပ်နားမှုမရှိအောင်လည်း သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေကို တင်ပြထားတယ်လို့ သမဂ္ဂကနေ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်တက္ကသိုလ် နယ်မြေကျောင်းတွင်းကျောင်းပြင်ပတွေမှာလည်း ကျောင်းသူတွေကို ကိုယ်ကာယအိနြေ္ဒပျက်ပြားအောင် ထိပါးနှောင့်ယှက်မှု၊ စနောက်မှု တွေ ဖြစ်ပွားနေတာကြောင်း တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ကနေ အရေးယူပေးဖို့ တင်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က