စာမေးပွဲအချိန်မီ ဖြေဆိုနိုင်ရန်ဆောင်ရွက်သွားမှာပါ။
Ei Ei Htun

တက္ကသိုလ်စာမေးပွဲကာလတွေမှာ စာမေးပွဲဖြေကြမယ့် ကျောင်းသူ၊ကျောင်းသားတွေ အချိန်မီဖြေဆိုနိုင်ဖို့၊ အဆင်ပြေချောမွေ့ဖို့အတွက် တက္ကသိုလ်စာမေးပွဲကာလအတွင်း တချို့လမ်းကြောင်းတွေမှာအရန်ယာဉ်များထားပြီးပြေးဆွဲပေးမှာဖြစ်တယ်လို့ YRTAမှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က မီဒီယာတွေကိုပြောပါတယ်။

photo- YBS လမ်းညွှန်

တက္ကသိုလ်ကျောင်းတွေရဲ့ စာမေးပွဲကာလမှာ YRTAအနေနဲ့ သာမန်ပြေးဆွဲတဲ့ ယာဉ်လိုင်းလမ်းကြောင်းတွေအပြင် ကျောင်းသူကျောင်းသားများ သွားလာမှု အဆင်ပြေစေနိုင်ရန်အတွက် အရန်ယာဉ်များထားပြီး ပြေးဆွဲပေးမှာဖြစ်တယ်လို့သိရပါတယ်။ စက်တင်ဘာလ(၄)ရက်နေ့က ကျင်းပပြုလုပ်တဲ့ ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကွပ်ကဲအာဏာပိုင်အဖွဲ့ သတင်းစာရှင်းလင်းပွဲကနေသိခဲ့ရတာပါ။

“ တက္ကသိုလ်ကျောင်းတွေဟာ မြို့ရဲ့အပြင်ဘက် ဝေးတဲ့နေရာတွေမှာ ရှိပါတယ်။ ကျောင်းတွေကိုပြေးဆွဲနေတဲ့ယာဉ်လိုင်းတွေအနေနဲ့ စာမေးပွဲကာလမှာတော့ ကျောင်းတွေကို စောစောရောက်ဖို့ လုပ်ပေးဖို့လိုတယ်။ ဒါကြောင့် အခုတက္ကသိုလ်စာမေးပွဲကာလတွေမှာ စာမေးပွဲဖြေကြမယ့် ကျောင်းသူ၊ကျောင်းသားတွေ အဆင်ပြေချောမွေ့ဖို့အတွက် စီမံဆောင်ရွက်မှုတွေကိုပြောင်းလဲပြီးလုပ်ကိုင်ဆောင်ရွက်ပေးရတာရှိတယ်။ ယခုလ(၂)ရက်နေ့ကနေ နောက်လ(၄)ရက်နေ့ထိ ရန်ကုန်မြို့မှာရှိတဲ့ တက္ကသိုလ်တွေမှာ စာမေးပွဲတွေကျင်းပကြမှာပါ။ ဒီကာလအတွင်း ကျောင်းသူကျောင်းသာတွေ သွားလာမှုအဆင်ပြေအောင် တချို့လမ်းကြောင်းတွေမှာ အရန်ယာဉ်များထားပြီး ပြေးဆွဲဆောင်ရွက်ပေးမှာဖြစ်တယ်” လို့ YRTAမှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က မီဒီယာတွေကိုပြောပါတယ်။

photo- YBS လမ်းညွှန်

ယာဉ်လမ်းကြောင်းတွေကို ဂိတ်အစကနေ အဆုံးကိုပြန်ပြီးပြေးဆွဲပေးနေတဲ့စနစ်တွေ၊ဖြည့်စွက်ပြေးဆွဲပေးနေတဲ့ စနစ်တွေနဲ့ စီမံဆောင်ရွက်ပေးနေတယ်လို့ ဦးလှအောင်ကပြောပါတယ်။

တောင်ပိုင်းခရိုင်က တက္ကသိုလ်အနေနဲ့ သန်လျင်တံတားကို ဖြတ်သန်းသွားရတာကြောင့် စာမေးပွဲကာလအတွင်းမှာ ကားပိတ်တာတွေရှိခဲ့ရင် ကျောင်းသားတွေစာမေးပွဲ နောက်မကျစေရန် တံတားရဲ့သန်လျင်ဘက်ခြမ်းမှာ အရန်ယာဉ်တွေထားပြီး ကျောင်းကိုအချိန်မီပို့ပေးတဲ့စနစ်ကိုဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။


က္က