အင်တာနက်ကလည်း ကြည့်လို့ရပါတယ်။
Hmue Eain Zaw

လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တက္ကသိုလ်ဝင်တန်းအောင်စာရင်းကြည့်ဖို့ ခက်ခဲနေတာကြောင့် အောင်စာရင်းတွေကို မြန်မာ့အသံရေဒီယို တိုင်းရင်းသားအစီအစဉ်တွေကနေ ထုတ်လွင့်ပေးမယ်လို့ဆိုပါတယ်။

ဇွန်လ ၈ ရက်နေမနက် ၆ နာရီမှာ စတင်ထုတ်လွှင့်မှာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ တရားဝင်သတင်းဌာနတွေမှာဖော်ပြထားပါတယ်။

ရေဒီယိုကနေ ကြေညာထုတ်လွှင့်ပေးမယ့် စာစစ်ဌာနတွေကတော့ ကချင်ပြည်နယ်က စာစစ်ဌာန ၂၀၊ ကယားပြည်နယ်က ၈ ခု၊ ကရင်ပြည်နယ်က ၉ ခု၊ ချင်းပြည်နယ်က ၁၃ ခု၊ ရခိုင်ပြည်နယ်က ၂၂ ခု၊ ရှမ်းပြည်နယ်က ၂၈ ခု၊ တနင်္သာရီတိုင်းက ၁၁ ခု၊ မကွေးတိုင်းက ၂၃ ခု၊ စစ်ကိုင်းတိုင်းက ၁၂ ခု၊ ရန်ကုန်တိုင်းက ကိုကိုးကျွန်းစာစစ်ဌာန စတဲ့ စာစစ်ဌာနတွေ ဖြစ်ပါတယ်။

ဒါ့အပြင်နိုင်ငံအောက်ပိုင်းက အောင်စာရင်းကြည့်ဖို့ ခက်ခဲနေတဲ့သူတွေအတွက်ကိုတော့ လှိုင်းတို ၅၀ ဒသမ ၇၁ မီတာ (၅၉၁၅ ကီလိုဟက်ဇ်) နဲ့ လှိုင်းတို ၃၀ ဒသမ ၈၅ မီတာ ( ၉၇၃၀ ကီလိုဟက်ဇ်)၊ မြန်မာနိုင်ငံ အောက်ပိုင်းဒေသ စာစစ်ဌာနတွေအတွက် လှိုင်းလတ် ၄၁၁ ဒသမ ၅၂ မီတာ (၇၂၉ ကီလိုဟက်ဇ်)မှာဖမ်းယူနားဆင်နိုင်ပါတယ်။

သက်ဆိုင်ရာ တိုင်းရင်းသား ဒေသအသီးသီးက မြန်မာ့အသံ FM Radio တိုင်းရင်းသားဘာသာ အစီအစဉ်တွေမှာလည်း ထုတ်လွှင့်ပေးသွားမယ်လို့ ကြေညာထားပါတယ်။

ဒါ့အပြင် အင်တာနက်က ကြည့်ရှုလိုသူတွေအတွက်လည်း ပညာရေးဝန်ကြီးဌာန website www.moe.gov.mm နဲ့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန websiteဖြစ်တဲ့

www.myanmarexam.org တွေမှာလည်း ဇွန်လ ၈ ရက်နေ့ နံနက် ၆ နာရီကစလို့ ထုတ်ပြန်သွားမှာဖြစ်လို့ အင်တာနက်အသုံးပြုလို့ရတဲ့ မည်သည့်နေရာကမဆို အောင်စာရင်းကို ကြည့်ရှုနိုင်ပါ။


Author


က္က