www.moe.gov.mm ကို ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
၂၀၁၉ ခုနှစ် နေ့သင်တန်း တက္ကသိုလ်ဝင်ခွင့်ရသူတွေ စာရင်းကို ပညာရေးဝန်ကြီးဌာန  Website www.moe.gov.mm ကတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ ပညာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
Photo- ပညာရေးဝန်ကြီးဌာန Website

ပညာရေးဝန်ကြီးဌာနက လက်အောက်ရှိ တက္ကသိုလ်တွေ၊ ဒီဂရီကောလိပ်တွေနဲ့ ကောလိပ်တွေမှာ  ဝင်ခွင့်ရသူတွေကို စာရင်းကို Website က တစ်ဆင့် သက်ဆိုင်ရာအမျိုးအစားအလိုက် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

အဆိုပါ Website ထဲမှာ သီးခြားဝင်ခွင့်ခေါ်ယူတဲ့တက္ကသိုလ်တွေ၊ နည်းပညာတက္ကသိုလ်တွေ၊ ကွန်ပျူတာတက္ကသိုလ်တွေ၊ စီးပွားရေးတက္ကသိုလ်တွေ၊ ပညာရေးတက္ကသိုလ်တွေ၊ ဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ်တွေ၊ ဒီဂရီကောလိပ်တွေနဲ့ ပညာရေးကောလိပ် တွေအတွက် ဝင်ခွင့်ရ နာမည်စာရင်းတွေကို ကြေညာထားတာဖြစ်ပါတယ်။

Photo- ကြေညာထားသည့် တက္ကသိုလ်များ

သက်ဆိုင်ရာ တက္ကသိုလ်၊ဒီဂရီကောလိပ်နဲ့ ကောလိပ်အသီးသီးမှာလည်း ဝင်ခွင့်ရစာရင်းတွေကို ကပ်ထားမယ်လို့ သိရပါတယ်။

“ ကျောင်းသားတွေအနေနဲ့ ကိုယ်လျှောက်ထားတဲ့ ကျောင်းမှာ ဝင်ခွင့်ရလား၊ မရလားဆိုတာကို တစ်ခါတည်းကြည့်လို့ရပြီ။ Website ထဲမှာက ပညာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်က ကျောင်းတွေကိုပဲ ဖော်ပြထားတာပါ။ တခြား ဝန်ကြီးဌာနလက်အောက်က သီးခြားခေါ်တဲ့ ကျောင်းတွေတော့ မပါပါဘူး။ “ လို့ အဆင့်မြင့်ပညာဦးစီးဌာနက ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက Duwun ကိုပြောပါတယ်။

နိုဝင်ဘာ ၁၅ ရက်ကစတင်ပြီး ကျောင်းအပ်လက်ခံသွားမှာဖြစ်ပြီး အခု အောက်တိုဘာ ၂၅ ရက်ကနေ နိုဝင်ဘာ ၁၄ ရက်အထိ တက္ကသိုလ်ပြောင်းတာတွေ၊ ဘာသာရပ်ပြောင်းတာတွေ လုပ်နိုင်မှာဖြစ်တယ်လို့ ဒေါက်တာအောင်အောင်မင်းက ဆိုပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပထမနှစ် နေ့သင်တန်းတွေကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂ ရက်က စတင်ဖွင့်လှစ်သွားမယ်လို့ ကြေညာထားတာပါ။



က္က