ကျောင်းသား၊ ကျောင်းသူဦးရေ (၈)သောင်းကျော်တိုးလာပါတယ်။
Ei Ei Htun

မနှစ်က တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျောင်းသား၊ ကျောင်းသူ (၈)သိန်းကျော်ဝင်ရောက်ဖြေဆိုခဲ့ပြီး ၂၀၂၀ခုနှစ် မတ်လအတွင်းမှာ ဖြေဆိုမယ့် တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ စာရင်းသွင်းထားတဲ့ကျောင်းသား၊ ကျောင်းသူ (၉)သိန်းကျော်ထိရှိပါတယ်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျောင်းသား၊ကျောင်းသူဦးရေ (၉၇၀,၀၀၀) ခန့်စာရင်းသွင်ထားတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာမှသိရပါတယ်။ ယခုပညာသင်နှစ်မှာ ဖြေဆိုမည့်သူဦးရေဟာ မနှစ်ထက်ကျောင်းသား၊ ကျောင်းသူဦးရေ (၁)သိန်းနီးပါးခန့်တိုးလာတာပဲဖြစ်ပါတယ်။

“ မနှစ်ကဖြေဆိုဖို့ စာရင်းသွင်းတာက (၈၇၀,၀၀၀)ပဲရှိတာ။ ဒီနှစ်က စာရင်းသွင်းသူ (၉၇၀,၀၀၀)ခန့်ဆိုတော့ ဖြေဆိုမယ့်သူ ရှစ်သောင်းကျော်၊ (၁)သိန်းနီးပါးတိုးလာာပေါ့။ အဲဒီထဲမှာတော့ ကျောင်းဖြေသမားတွေကပိုများတယ်။ အပြင်ဖြေတွေက တိုးတော့တိုးတယ်။ ဒါပေမယ့် မနှစ်ကထက်သိသိသာသာတိုးလားတာမျိုးမရှိဘူး”လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က Duwun ကိုပြောပါတယ်။

၂၀၂၀ ခုနှစ် မတ်လထဲမှာ ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲမှ ဝင်ရောက်ဖြေဆိုနိုင်ဖို့အတွက် လျှောက်လွှာများကို စက်တင်ဘာလ(၂)ရက်နေ့ကနေ (၃၀)ရက်နေ့အထိ လက်ခံခဲ့တာပဲဖြစ်ပါတယ်။

မနှစ်ကတက္ကသိုလ်ဝင်စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုခဲ့တဲ့ ကျောင်းသား(၈)သိန်းကျော်ရှိတဲ့ အထဲမှာလည်း အောင်မြင်မှုရာခိုင်နှုန်းက ၂၅ ရာခိုင်နှုန်းဖြစ်ပြီး နှစ်သိန်းကျော် အောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။

၂၀၂၁ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကြီးကိုတော့ မတ်လ (၁၁)ရက်နေ့မှ (၂၀)ရက်နေ့ထိ သက်ဆိုင်ရာဘာသာရပ်တွေအလိုက် ကျင်းပသွားမှာဖြစ်ပြီး (၁၁)ရက်နေ့မှာ မြန်မာစာ၊ (၁၂)ရက်နေ့မှာ အင်္ဂလိပ်စာ၊ (၁၃)ရက်နေ့မှာ သင်္ချာ၊ (၁၄)ရက်နေ့မှာ စိတ်ကြိုက်မြန်မာစာ၊ (၁၆)ရက်နေ့မှာ ဓာတုဗေဒ၊ (၁၇)ရက်နေ့မှာ ရူပဗေဒ၊ (၁၈)ရက်နေ့မှာ ဇီဝဗေဒနဲ့ ဘောဂဗေဒ၊ (၁၉)ရက်နေ့မှာ ပထဝီဝင် ဖြေဆိုရမှာဖြစ်ပြီး (၂၀)ရက်နေ့မှာတော့ သမိုင်းဘာသာရပ်ကို ဖြေဆိုသွားကြရမှာဖြစ်ပါတယ်။


က္က