ကျရှုံးသူတွေကိုလည်း အထက်တန်းအဆင့် ပြီးမြောက်ကြောင်းလက်မှတ်တွေ ထုတ်ပေးမယ်လို့ ဆိုပါတယ်။

ယခုနှစ် အောင်ချက်မှာ ယခင်နှစ်တွေနဲ့ သိပ်မကွာပဲ ပုံမှန်အတိုင်း ၃၀ရာခိုင်နှုန်း ပတ်ဝန်းကျင်မှာသာရှိတယ်လို့လည်း သိရပါတယ်။



ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို လာမယ့် သြဂုတ်လ ပထမအပတ်(သို့)ဒုတိယပတ် အတွင်း ထုတ်ပြန်ကြေညာပေးနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ အခြေခံ ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦး တင်မောင်ဝင်းက Duwun ကိုပြောပါတယ်။



“ကိုဗစ်ကြောင့် ဒီနှစ်ဆယ်တန်းစာမေးပွဲအောင်စာရင်းကို ပုံမှန်ထုတ်ပြန်လေ့ရှိတဲ့ ဇွန်လမှာ မထုတ်ပြန်နိုင်ခဲ့ပါဘူး။ဒါ ပေမယ့် အခု သြဂုတ်လ ပထမအပတ်(သို့)ဒုတိယပတ်ထဲ ထွက်ပါလိမ့်မယ်။နောက်တစ်ပတ်ထဲတောင် ထွက်မလား မသိဘူး။ပြင်ဆင်နေတာတော့ ကြားသိထားပါတယ်။ရက်အတိအကျကိုတော့ ပညာရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ပေးပါလိမ့်မယ်။”လို့ ဦးတင်မောင်ဝင်းက ပြောပါတယ်။

ကိုဗစ်ကာလဖြစ်တဲ့အတွက် အောင်စာရင်းတွေကို ကျောင်းအလိုက် ထုတ်ပြန်ပေးရာမှာ အောင်စာရင်း လာရောက် ကြည့်ရှုသူတွေအနေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ် သတ်မှတ်စည်းမျဉ်းတွေနဲ့ အညီ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အွန်လိုင်းကနေလည်း အောင်စာရင်းတွေကို ထုတ်ပြန်ပေးပြီး လူကိုယ်တိုင် လာစရာမလိုအောင် စီစဉ်ပေး ထားတယ်လို့ သိရပါသေးတယ်။

လက်ရှိမှာတော့ အခြေခံပညာကျောင်းတွေကို အထက်တန်းအဆင့်ကစတင်ပြီး ဇူလိုင်လ ၂၁ရက်က ပြန်လည်ဖွင့်လှစ် ခွင့်ပြုထားပြီ ဖြစ်ပါတယ်။

ကိုဗစ်ကြောင့် ကျောင်းဖွင့်ချိန် နောက်ကျသည့်တိုင် ကျောင်းစာမေးပွဲနောက်ဆုံးရက်ကိုတော့ ယခင် ပုံမှန် စာသင်နှစ် တွေအတိုင်း အပြီးသတ်သွားမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။

“စာသင်နှစ်ကိုတော့ နောက်ဆုတ်မှာမဟုတ်ပါဘူး။မတ်လထဲမှာတော့ နှစ်စဉ်ဆောင်ရွက်နေကျအတိုင်း မတ်လထဲမှာပဲ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အပြီးစစ်မေးပြီး ကျောင်းတွေလည်း အပြီး ပိတ်မှာပါ။ စာသင်နှစ်ဆိုတာ ဇွန်လ ၁ရက် ကနေ မတ်လ ၃၁ရက်နေ့အထိ နှစ်စဉ်ပါပဲ။နွေရာသီမှာ ကျောင်းတွေကို ဆက်ဖွင့်မှာမဟုတ်ပါဘူး။နိုင်ငံတကာမှာလည်း အေးတဲ့ နိုင်ငံတွေမှာလည်း အရမ်းအေးရင် ပိတ်သလို ကျွန်တော်တို့ကလည်း ပူတဲ့ နိုင်ငံဖြစ်တော့ အရမ်းပူတဲ့ နွေရာသီ မှာ စာမသင်ပဲ ကျောင်းတွေ ပိတ်မှာပါ။”လို့ ဦးတင်မောင်ဝင်းက ဆက်လက်ပြောပါတယ်။

ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မှာတော့ ယခင်နှစ်တွေက အတိုင်း ၃၀ရာခိုင်နှုန်း ဝန်းကျင်လောက်သာ ရှိတယ်လို့သိရပြီး တက္ကသိုလ်ဝင်တန်း ကျရှုံးသူတွေကိုလည်း အထက်တန်းအဆင့် ပြီးမြောက်ကြောင်းလက်မှတ် ထုတ်ပေးသွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က