အသက်(၇၄)နှစ်အရွယ်အဖိုးတစ်ဦးပါ။
Ei Ei Htun

အသက်(၇၄)နှစ်အရွယ်ရှိတဲ့ အဖိုးအိုတစ်ဦးဟာ ကားမောင်းနေရင်း ရုတ်တရက်နှလုံးအမောဖောက်ကာ လမ်းဘေးဓာတ်တိုင်ကိုဝင်တိုက်ခဲ့ပြီး ပြင်ပဒဏ်ရာတစ်စုံတရာမရရှိဘဲ သေဆုံးခဲ့ပါတယ်။ 

အဖိုးဟာ နှလုံး၊ ဆီးချို၊ ကျောက်ကပ်ရောဂါကိုခံစားနေရသူဖြစ်ပြီး နိုဝင်ဘာလ(၂၅)ရက်နေ့ညပိုင်းက ကျန်းမာရေးမကောင်းလို့ဆိုပြီး ကားဂိတ်ထိုးနေကျဖြစ်တဲ့ သမ္မတရုပ်ရှင်ရုံကနေ တောင်ဒဂုံမှာရှိတဲ့ နေအိမ်အပြန်လမ်းမှာ အခုလိုဖြစ်ပွားခဲ့တာပါ။

“ ကျွန်မတို့ရောက်သွားတာက အဖိုးယာဉ်တိုက်ပြီးမှရောက်သွားတာ။ ကြည့်ရတာက ရုတ်တရက်ရောဂါဖောက်ပြီး ဘယ်လိုမှမရတော့မှ လမ်းဘေးဓာတ်တိုင်ကိုဝင်တိုက်လိုက်တဲ့ သဘော။ သူ့မှာ သွေးထွက်ပြင်ပဒဏ်ရာ ဘာမှမရှိဘူး။ ဖြစ်ဖြစ်ချင်း ကားကိုရော၊ အဖိုးကိုပါဓာတ်ပုံရိုက်ပြီး လိုင်းပေါ်တင်လိုက်တော့ သူ့နဲ့ ရင်းနှီးတဲ့သူတွေရောက်လာကြတယ်။ ကားဂိတ်တူတူထိုးတဲ့သူတွေက ပြန်သွားကတည်းက သူနေလို့သိပ်မကောင်းလို့ အိမ်ပြန်တော့မယ်ဆိုပြီးပြန်သွားတာတဲ့။ ယာဉ်တိုက်မှုဖြစ်တော့ airbag ပွင့်တယ်၊ ရေတိုင်ကီကွဲတယ်။ ဒါပေမယ့် အဖိုးမှာ သွေးတစ်စက်မှမထွက်ခဲ့ဘူး” လို့ ဖြစ်စဉ်အတွင်းသွားရောက်ကူညီတဲ့ လင်းလက်လူမှုရေးအသင်း ဥက္ကဌမှ Duwun ကိုပြောပါတယ်။

photo- လင်းလက်လူမှုရေးအသင်း

အဖိုးသေဆုံးမှုနဲ့ ပတ်သက်လို့ လှုမှုကွန်ရက်မှာ ပြန့်နှံ့ခဲ့တဲ့အခါမှာ အဖိုးရဲ့ Taxi ယာဉ်ကို ငှားစီးဖူးတဲ့ ခရီးသည်တော်တော်များများကလည်း အဖိုးက စိတ်ရင်းစေတနာကောင်းကြောင်း၊ ဘုရားတရားသမားဖြစ်ကြောင်းနဲ့ ခရီးသည်တွေကို မှတ်သားစရာစကားလုံးတွေနဲ့ အမြဲဆုံးမလေ့ရှိကြောင်းကိုလည်း စိတ်မကောင်းစွားနဲ့ post ကိုပြန်ရှယ်သူတွေအများအပြားရှိခဲ့ပါတယ်။ အဘိုးက တစ်ယောက်တည်းနေတာဖြစ်ပြီး သူနဲ့အတူမနေတဲ့ သမီးကိုတော့ အကြောင်းကြားထားတယ်လို့ လင်းလက်လူမှုရေးအသင်း ဥက္ကဌကပြောပါတယ်။ လက်ရှိမှာတော့ အဖိုးရဲ့ ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ပို့ဆောင်ထားပြီး ဒီကနေ့ နေ့လယ်ပိုင်းမှာတော့ သေဆုံးရတဲ့အကြောင်းအရင်းအတိအကျကို ရင်ခွဲစစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။


က္က