Ei Ei Htun

မူလသတ်မှတ်ထားတဲ့ ပိတ်ရက်တွေက စနေ၊တနင်္ဂနွေပိတ်ရက်တွေနဲ့ တိုက်ဆိုင်နေတာကြောင့် အများပြည်သူပိတ်ရက်တွေမှာ ပြည်သူတွေမနစ်နာစေဖို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက အခုလိုပိတ်ရက်တွေကို ပြင်ဆင်သတ်မှတ်လိုက်တာပဲဖြစ်ပါတယ်။

(၂၀၁၉)ခုနှစ်ရဲ့ ဝါကျွတ်အခါတွင်းကာလရုံးပိတ်ရက်တွေဖြစ်တဲ့ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ရုံးပိတ်ရက်များနဲ့ ပတ်သက်ပြီး ပြင်ဆင်သတ်မှတ်ခြင်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့က သြဂုတ်လ(၉)ရက်နေ့ကထုတ်ပြန်ကြေညာခဲ့ပါတယ်။ ထုတ်ပြန်ကြေညာချက်မှာတော့ ၂၀၁၉ခုနှစ်ပြက္ခဒိန်နှစ်မှာ သတင်းကျွတ်နဲ့ တန်ဆောင်တိုင်ရုံးပိတ်ရက်တွေက စနေ၊တနင်္ဂနွေပိတ်ရက်တွေနဲ့ တိုက်နေတာကြောင့် အများပြည်သူအလုပ်ပိတ်ရက်တွေကို ဝန်ထမ်းတွေမနစ်နာစေဖို့အတွက် အခုလို ပိတ်ရက်တွေကိုပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်တယ်လိ့ု ထုတ်ပြန်ကြေညာချက်မှာ ပါရှိပါတယ်။ ဒါကြောင့် စနေ၊ တနင်္ဂနွေရက်များနှင့် တိုက်ဆိုင်နေတဲ့ အများပြည်သူရုံးပိတ်ရက်တွေမှာ နစ်နာမှုမရှိစေရန်အတွက် သီတင်းကျွတ်ပိတ်ရက်အတွက် ပိတ်ရက်နှစ်ရက်ထပ်တိုးလိုက်ပြီး တန်ဆောင်တိုင်အတွက် ပိတ်ရက် တစ်ရက်ကို ထပ်တိုးပြင်ဆင်လိုက်တာပါ။

အခုလိုပြင်ဆင်လိုက်တဲ့ ရုံးပိတ်ရက်ကြောင့် သီတင်းကျွတ်ရုံးပိတ်ရက်က အောက်တိုဘာလ ၁၀ရက်နေ့မှ ၁၅ရက်နေ့ထိ စုစုပေါင်း ပိတ်ရက်(၅)ရက်ရရှိမှာပါ။

တန်ဆောင်တိုင်ရုံးပိတ်ရက်ကတော့ နိုဝင်ဘာလ ၁၀ရက်နေ့ကနေ ၁၂ရက်နေ့ထိ စုစုပေါင်း(၃)ရက်ရရှိမှာပဲဖြစ်ပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က