အဖြေလွှာကို ကာယကံရှင်က ကြည့်ရှုခွင့်ရရှိမှာ မဟုတ်ပါဘူး။

အမှတ်စာရင်းတွေ ထုတ်ပေးပြီး ၂ ပတ်အကြာမှာ ပြန်လည်လျောက်ထားနိုင်ပြီး အမှတ်စာရင်းပြန်ရရှိဖို့တော့ ၂ လလောက် အချိန်ကြာမယ်လို့ သိရပါတယ်။

Photo - Department of Myanmar Examinations

ထိုသို့ ပြန်လည်စစ်ဆေးမှုကို ယခင်က တစ်ဘာသာလျှင် ကျပ် ၅၀၀၀ နဲ့ လျှောက်ထားနိုင်တာဖြစ်ပေမယ့် တစ်ကယ်စစ်ဆေးလိုသူတွေသ ာလျှောက်ထားစေရန်ရည်ရွယ်ပြီး ပေးသွင်းရတဲ့နှုန်းကို ၅ ဆအထိ တိုးမြှင့်လိုက်တာဖြစ်တယ်လို့ စာစစ်ဌာနတာဝန်ရှိသူက Duwun ကိုပြောပါတယ်။

ပြန်လည်စစ်ဆေးလိုပါက အမှတ်စာရင်းတွေ ထုတ်ပေးပြီး ၂ ပတ်အကြာမှာ ပြန်လည်လျောက်ထားနိုင်ပြီး အမှတ်စာရင်းပြန်လည်ရရှိဖို့ ၂ လလောက်အချိန်ကြာမယ်လို့ သိရပါတယ်။ အဖြေလွှာကိုတော့ ကာယကံရှင်က ကြည့်ရှုခွင့်ရရှိမှာ မဟုတ်ပါဘူး။

အဖြေလွှာတွေ ကိုပြန်စစ်ဆေးဖို့ လျောက်ထားကြရာမှာ နှစ်စဉ် လူ ၄၀၀ ကနေ ၆၀၀ လောက်အကြားရှိတယ်လို့ သိရပါတယ်။ တချို့ကလည်း ပြန်လည်စစ်ဆေးပေးဖို့ လျောက်ထားပေမယ့် ပြန်ရတာမျိုးမရှိဘူးလို့ ပြောဆိုမှုတွေရှိပါတယ်။

ကိုယ့်ရဲ့ အမှတ်ရလဒ်ကို ပြန်လည် စစ်ဆေးလိုပါက လှိုင်မြို့နယ်၊ ပါရမီလမ်းက မြန်မာနိုင်ငံစာစစ်ဌာနရုံးခွဲကို လျောက်ထားနိုင်သလို နေပြည်တော်မှာရှိတဲ့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှာ သွားရောက်လျောက်ထားနိုင်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က