စာစစ်ဌာနမှာ ထုတ်နိုင်မှာပါ။

တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်တွေကို ဇွန်လကုန်မှာ လာရောက်ထုတ်ယူနိုင်ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကသိရပါတယ်။


တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်တွေကို လှိုင်တက္ကသိုလ်နယ်မြေထဲက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ရန်ကုန်ရုံးခွဲ နဲ့ နေပြည်တော်က စာစစ်ဌာနရုံးအမှတ် ၅၂ မှာ ထုတ်ပေးသွားမယ်လို့ ကြေညာထားပါတယ်။


အောင်လက်မှတ်ကို ထုတ်ယူလိုသူတွေအနေနဲ့ ၆ လအတွင်းရိုက်ထားတဲ့ ပတ်စ်ပို့ဓါတ်ပုံအရွယ်အစားပုံ၊ ကိုယ်စာမေးပွဲဖြေဆိုခဲ့တဲ့ ခုံအမှတ်၊ နေရပ်လိပ်စာနဲ့ မှတ်ပုံတင်လိုအပ်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါမှမဟုတ်ပဲ ကိုယ်တိုင်လာမထုတ်ယူနိုင်လို့ကိုယ်စားလှယ်နဲ့ထုတ်ခိုင်းမယ်ဆိုရင်တော့ ကိုယ်စားထုတ်ပေးသူရဲ့ အချက်အလက်တွေ မှတ်ပုံတင်နဲ့ ထုတ်ယူမယ့်ကျောင်းသား၊ ကျောင်းသူရဲ့ ကိုယ်ရေးအချက်အလက်နဲ့ မှတ်ပုံတင်၊ ခုံနံပတ်တွေလိုမယ်လို့လည်းသိရပါတယ်။

ကိုယ်စားထုတ်ယူမယ်ဆိုရင်တော့ ကိုယ်စားထုတ်ယူခွင့် လျှောက်ထားသူရဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်းနဲ့ မိတ္တူတစ်စုံ၊ကျောင်းသား၊ ကျောင်းသူရဲ့ ခြောက်လအတွင်းရိုက်ကူးထားတဲ့ ပတ်စ်ပို့ဓာတ်ပုံနှစ်ပုံ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားမိတ္တူတစ်စုံ၊ အမည်၊ ခုံအမှတ်၊ စာစစ်ဌာန၊ မွေးသက္ကရာဇ်၊ မိဘအမည်နဲ့ နေရပ်လိပ်စာတို့လိုအပ်ပါတယ်။

၂၀၁၉ခုနှစ်တက္ကသိုလ်စာမေးပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဝင်ရောက်ဖြေဆိုခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူ ဦးရေ (၈၅၁၅၂၄)ဦးရှိခဲ့ပြီး (၂၆၇၆၉၆)ဦးအောင်မြင်ခဲ့တာပါ။ တိုင်းဒေသကြီးပြည်နယ်အလိုက်အောင်ချက်အကောင်းဆုံးအနေနဲ့ မွန်ပြည်နယ်က ၃၇.၅၄ ရာခိုင်နှုန်းနဲ့ အောင်မြင်ခဲ့ပြီး ၊ ဒုတိယအများဆုံး မန္တလေးတိုင်းဒေသကြီးက ၃၆.၁၃ ရာခိုင်နှုန်း၊တတိယအများဆုံး စစ်ကိုင်းတိုင်းဒေသကြီးက ၃၄.၁၅ ရာခိုင်နှုန်းနဲ့ အောင်မြင်ကြောင်းကိုလည်း စာစစ်ဦးစီးဌာနရဲ့ထုတ်ပြန်ကြေညာချက်မှာ ပါရှိပါတယ်။

Share

Loading Next Article...
က္က