ရေဖြူမြို့နယ်က ဒေသခံဖြစ်နိုင်ပေမဲ့လည်း လက်ရှိနေထိုင်ပြီး ပိုးတွေ့တာမဟုတ်

ဒီနေ့ သြဂုတ်လ ၂ရက် ၊ မနက် (၈)နာရီၤက ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက် မှာပါဝင်လာတဲ့ တနင်္သာရီတိုင်း ရေဖြူမြို့နယ်ဆိုတာ ကိုဗစ်လူနာတွေ့ရှိတဲ့ နေရာမဟုတ်ဘူး လို့ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ် ။


ကိုဗစ် ၁၉ပိုးတွေ့လူနာက တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ်က ဒေသခံဖြစ်နိုင်ပေမဲ့လည်း လက်ရှိ နေထိုင်ပြီး ပိုးတွေ့တာ မဟုတ်ဘူးလို့ ရေဖြူမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးကြည်စိုးက Duwun ကို ပြောပါတယ် ။




"သူက ရေဖြူကဆိုပေမဲ့ ရန်ကုန်မှာ swab ယူပြီး ရန်ကုန်မှာပဲတွေ့တာ။အစက ကလေအောင်မြို့က ကွာရန်တင်းစခန်းကလိုလို သတင်းထွက်ပေမဲ့ မဟုတ်ဘူး ။ ရန်ကုန်ကပဲ ဖြစ်ပါတယ်။ ကိုဗစ်ကော်မတီကတာဝန်ရှိသူ လုံနယ်ဝန်ကြီး အခုပဲဖုန်းဆက်ပြောပါတယ်" လို့ တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂) ကိုယ်စားလှယ် ဦးကြည်စိုးက Duwun ကို ပြောပါတယ် ။


အဆိုပါပိုးတွေ့လူနာနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ တနင်္သာရီတိုင်းဒေသကြီး ၊ ရေဖြူမြို့နယ်လို့ ဖော်ပြပါရှိပြီး ပြည်ပက ပြန်ရောက်လာသူ ဖြစ်လို့ အသွားအလာကန့်သတ်ထားရှိသူစာရင်းမှာလည်း ပါဝင်နေခြင်းမရှိတာကို တွေ့ရပါတယ် ။

ဒီနေ့မနက် (၈)နာရီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ကိုဗစ်၁၉ ပိုးတွေ့လူနာ ၁၉ဦးရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးက ၁၂ဦး ၊ကချင်ပြည်နယ် ၂ဦး ၊ ရှမ်းပြည်(တောင်ပိုင်း) ၂ဦး ၊ မန္တလေးတိုင်းဒေသကြီး ၁ဦး ၊ တနင်္သာရီတိုင်းဒေသကြီး ၁ဦး ၊ ရှမ်းပြည်(မြောက်ပိုင်း) ၁ဦးလို့ ဖော်ပြထားပါတယ်။


မြစ်ကြီးနား (ကချင်) ၊ တောင်ကြီး (ရှမ်း) ၊ ချမ်းမြသာစည် (မန္တလေး)နဲ့ လားရှို (ရှမ်း) လိပ်စာများနဲ့ လူနာများမှာ ပြည်ပပြန်များဖြစ်ပြီး ရန်ကုန်တွင် အသွားအလာကန့်သတ်ထား သူများလို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။တာမွေမြို့နယ်က တွေ့ရှိလူနာ ၃ ဦးမှာ တစ်ဦးက ပြည်ပပြန်ဖြစ်ပြီး ရန်ကုန်တွင် အသွားအလာကန့်သတ်ထားသူလို့ သိရပါတယ်။






ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က