အဓမ္မပြုကျင့်တဲ့ ဖခင်ကို ဖမ်းဆီးထားပါတယ်။
Mi Thawdar Aung

သမီးဖြစ်သူမှာ ဖခင်ကို ကြောက်ရတာကြောင့် မည်သူ့ကိုမျှ မပြောပြခဲ့ကြောင်း၊ ဖခင်က ဆောက်လုပ်ရေးကန်ထရိုက် အလုပ်နဲ့ ခရီးထွက်လေ့ရှိပြီး ပြန်ရောက်လာတိုင်း မိခင်အလစ်မှာ မကြာခဏအဓမ္မ ပြုကျင့်ပြီး တားဆေးတိုက်ကြောင်း ရဲစစ်ဆေးချက်အရ သိရပါတယ်။

Photo- Mon State Police Office

သမီးဖြစ်သူကို အဓမ္မပြုကျင့်ပြီး ရိုက်နှက်ခဲ့တဲ့ ဖခင်ကို သထုံမြို့မရဲစခန်းက ဖမ်းဆီးစစ်ဆေး ဆောင်ရွက်နေတယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သထုံမြို့၊ဘင်လှိုင်ရပ်ကွက်မှာနေထိုင်တဲ့ အသက် (၁၇) နှစ်အရွယ် (၉) တန်းကျောင်းသူကို အောက်တိုဘာ ၁၆ ရက် ည ၇ နာရီအချိန်ခန့်မှာ မိခင်ဖြစ်သူ မရှိခိုက် ဖခင်ကနေ အိပ်ခန်းအတွင်း အင်္ကျီချွတ်ခိုင်းပြီး ကုတင်ပေါ် ထိုင်စေကာ ဖုန်းနဲ့ ညစ်ညမ်းခွေတွေ အတင်းပြပြီး အဓမ္မ (၁) ပြုကျင့်ခဲ့တယ်လို့ ရဲစစ်ဆေးချက်အရသိရပါတယ်။

သမီးဖြစ်သူမှာ ဖခင်ကို ကြောက်ရတာကြောင့် မည်သူ့ကိုမျှ မပြောပြခဲ့ကြောင်း၊ ဖခင်က ဆောက်လုပ်ရေးကန်ထရိုက် အလုပ်နဲ့ ခရီးထွက်လေ့ရှိပြီး ပြန်ရောက်လာတိုင်း မိခင်အလစ်မှာ မကြာခဏအဓမ္မ ပြုကျင့်ပြီး တားဆေးတိုက်ကြောင်း သိရပါတယ်။

နိုဝင်ဘာ (၆) ရက် ည ၁၀ နာရီအချိန်မှာ ဖခင်မှာ သမီးဖြစ်သူကို အဓမ္မပြုကျင့်ပြီးနောက် သူ့အိပ်ခန်းအတွင်းသွားရောက်အိပ်စက်ခဲ့ပြီး နိုဝင်ဘာ (၇) ရက် မနက် (၂) နာရီခွဲ အချိန်မှာ သမီးရဲ့ အိပ်ခန်းကို ရောက်ရှိလာပြီး ထပ်မံအဓမ္မပြုကျင့်ခဲ့တယ်လို့သိရပါတယ်။

အဲဒီနောက် မနက် (၅) နာရီအချိန်မှာ ဖခင်ကနေ သမီးရဲ့ဖုန်းကို စစ်ဆေးပြီး ရည်းစားထားရမလားဟု ပြောဆိုကာ သမီးဖြစ်သူကို တံမြက်စည်းစတီးလက်ကိုင်ရိုး၊သစ်သားချောင်းတို့နဲ့ ရိုက်နှက်ခဲ့တာကြောင့် ဦးခေါင်းနဲ့ ခန္ဒာကိုယ်မှာ ဒဏ်ရာတွေ ရရှိခဲ့ပြီး သထုံခရိုင်ဆေးရုံကြီးကို တက်ရောက်ကုသခဲ့ရတယ်လို့ ဆိုပါတယ်။

ကျုးလွန်ခံရသူ အသက် (၁၇) နှစ်အရွယ် (၉) တန်းကျောင်းသူမှာ သူ့အား အဓမ္မပြုကျင့်ပြီး ရိုက်နှက်ခဲ့တဲ့ ဖခင်ဖြစ်သူ အသက် (၄၃) နှစ်အရွယ်ဦးစိုင်းကျော်ဇော်ကို ဥပဒေအရ အရေးယူပေးဖို့ တိုင်ကြားခဲ့တာပါ။

သထုံမြို့မရဲစခန်းကနေ တရားခံကို ဖမ်းဆီးထားပြီး (ပ) ၂၃၀၉/၂၀၁၉၊ရာဇသတ်ကြီး ပုဒ်မ - ၃၇၆/၃၂၅ အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်။


က္က