သက်သာသောအိမ်ရာချေးငွေအတိုးနှုန်းနဲ့ ချေးပေးဖို့ ဂျပန်အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

တန်ဖိုးနည်းအိမ်ရာတွေမှာ ပျက်စီးမှုတွေဖြစ်ပေါ်တယ်ဆိုရင် မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရဲ့ အစီအစဉ်နဲ့ စစ်ဆေးပြီးတော့ လိုအပ်သလိုပြုပြင်ပေးမယ်လို့ ဖေဖော်ဝါရီ ၂၅ ရက်နေ့တိုင်းလွှတ်တော်မှာ လျှပ်စစ်၊စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားခဲ့ပါတယ်။

ရွှေပြည်သာစက်မှုဇုန်တန်ဖိုးနည်းအိမ်ရာ( photo - new light of myanmar )

လမ်းမတော်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းက အစိုးရက နှစ်ရှည်အရစ်ကျစနစ်နဲ့ ရောင်းချတဲ့ တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာတိုက်ခန်းတွေမှာ ကနဦး သတ်မှတ်ငွေပေးထားသူတွေကို ဘယ်အချိန်မှာ နေခွင့်ပေးမလဲ၊ မည်သည့်နည်းနဲ့ နေထိုင်ခွင့် ချထားပေးမလဲဆိုတာကို မေးမြန်းခဲ့ရာမှာ ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ပါတယ်။

"ရန်ကုန်တိုင်းအစိုးရက နှစ်ရှည်စနစ်နဲ့ ရောင်းတဲ့တန်ုဖိုးနည်း၊သင့် အိမ်ရာတွေမှာ ကနဦးပေးသွင်းငွေ ၂၀ ရာခိုင်နှုန်းနဲ့ ရောင်းချနိုင်ဖို့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ဗဟိုဘဏ်တို့ အပြီးသတ်ညှိနှိုင်းနေပြီးတော့ပြီးပြတ်တယ်ဆိုရင် ခန့်မှန်းတစ်လကနေ နှစ်လအတွင်းပြည်သူတွေ ကိုရောင်းချပေးခြင်းအားဖြင့် အမြန်နေထိုင်ခွင့်ရအောင် စီစဉ်ဆောင်ရွက်ပေးနိုင်မှာဖြစ်တယ် ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် တိုက်ခန်းတွေပျက်စီးမှုဖြစ်ပေါ်တယ်ဆိုရင် စစ်ဆေးပြီးတော့ လိုအပ်သလိုပြန်လည်ပြုပြင်ပေးမှာဖြစ်တယ်လို့ လည်းဖြေကြားခဲ့တာပါ။ တိုင်းအစိုးရက နှစ်ရှည်အရစ်ကျစနစ်နဲ့ရောင်းချမယ့် တန်ဖိုးနည်း၊သင့် အိမ်ရာတိုက်ခန်းတွေကို အိမ်ရာအပေါင်ချေးငွေ Mortgage စနစ်နဲ့ ဝယ်ယူချင်တဲ့ပြည်သူတွေကို ပုံမှန်ချေးငွေ အတိုးနှုန်း ၁၃ ရာခိုင်နှုန်းအစား သက်သာသောအိမ်ရာချေးငွေအတိုးနှုန်း (၈.၅) ရာခိုင်နှုန်းနဲ့ ချေးပေးဖို့ အစိုးရအဖွဲ့က ဂျပန်ုနိုင်ငံ အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လု့ိလည်း သိရပါတယ်။



က္က