မတ်လကတည်းက ပိတ်ထားတာဖြစ်ပြီး ကျော်ခွဝင်ရောက်မှုတွေရှိနေတာပါ။
Minn Nandar

COVID-19 ရောဂါဂယက်ကြောင့် တက်ရောက်ခွင့်ယာယီပိတ်ထားတဲ့ဦးပိန်တံတားပေါ်ကိုစည်းကမ်းဖောက်ဖျက် ဖြတ်သန်းဝင်ရောက်တာတွေများလာတာ ကြောင့် သံဆူးကြိုးတွေနဲ့ထပ်ပိုးကာရံထားလိုက်ရတယ်လို့ တောင်သမန်တံတားစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် တောင်မင်းကြီး ဘုရားဂေါပကဥက္ကဋ္ဌဦးသန်းမြင့်က Duwun ကိုပြောပါတယ်။ 

"ခုတော့ အားလုံးပြန်ထိန်းသိမ်းပြီးပါပြီ၊ တံတားထိပ်နှစ်ဖက် သစ်သားတန်းနဲ့ပိတ်ကာထားတာကို ပရိသတ်ကကျော်ခွဝင်ကြတာပါ၊ အကာအရံဘေးကတိုင်ကိုဆွဲပြီးဝင်ကြတာပေါ့၊ မနေ့ကညနေပိုင်းကတော့ နယ်ပိုင်ကြီးကိုယ်တိုင်လာပါတယ်၊ စည်ပင်တို့ရှေးဟောင်း တို့လည်းရောက်လာပြီး သံဆူးကြီးနဲ့ထပ်ပိုးကာရံထားလိုက်ရပါတယ်" လို့ ၎င်းကဆိုပါတယ်။

ဦးပိန်တံတားအပါအဝင် တောင်သမန်ဝန်းကျင်ဒေသကို COVID-19 ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြီးခဲ့တဲ့မတ်လအ စောပိုင်းကတည်း ယာယီပိတ်ထားခဲ့တာဖြစ်ပြီး ဇွန်လ ၁၅ ရက်နေ့အထိ ရက်တိုးထားတာပါ။

တက်ရောက်ခွင့်ပိတ်ထားတဲ့ကာလတွေမှာ တောင်သမန်ဝန်းကျင်အပန်းဖြေလာရောက်သူတစ်ချို့က တံတားတိုင်လုံးတွေကတစ်ဆင့် တက်ရောက်တာ၊ အင်းအလယ်သစ်ပင်ကတစ်ဆင့်တွယ်တက်တာတွေရှိခဲ့ပြီး ပြီးခဲ့တဲ့နယုန်လပြည့်(ဇွန်လ ၅ ရက်)နေ့ကတော့ အပန်းဖြေသူထောင်နဲ့ချီဝင်ရောက်ခဲ့တာမှာ တံတားပေါ်ခွကျော်ဝင်ရောက်ကြသူတွေလည်းရာနဲ့ချီရှိခဲ့တယ်လို့ အမရပူရမြို့နယ်ဒေသခံ Duwun ရဲ့သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။မန္တလေး အမရပူရမြို့နယ် တောင်သမန်အင်းထဲကဦးပိန်တံတားကို သင်္ကြန်မတိုင်မီကစလို့ ပြုပြင်ထိန်းသိမ်းမှုတွေလုပ်ဆောင်သွားဖို့ ပြင်ဆင်နေရင်း COVID-19 ရောဂါဂယက်ကြောင့် ယာယီရပ်ဆိုင်းထားခဲ့ရတာလို့သိရပါတယ်။


က္က